အသက်ကြီးမှ ဈေးရောင်းကာ ဘဝကိုရုန်းကန်နေရတဲ့ အဘိုးအဘွားတွေအကြောင်းကို ပြောပြရင်း ကူညီမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ပရဟိတ မင်းသား ဝေဠုကျော်

//s9.kh1.co/22/220177128440aca044c953e707f488036fe6397f.jpg
အနုပညာရှင်များ

 ၀၈-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စိတ်ထားလေးက လေးစားဖို့ကောင်းလိုက်တာ ...

မြန်မာနိုင်ငံရဲ့ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ “ဝေဠုကျော် ဖောင်ဒေးရှင်း”ကို တည်ထောင်ထားပြီး အကူအညီ လိုအပ်နေတဲ့ နေရာတွေမှာလိုက်လံကူညီ လှူဒါန်းပေးနေခဲ့တဲ့ ပရဟိတမင်းသားကြီး တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

ဝေဠုကျော်တစ်ယောက်ကတော့ သူ့ရဲ့ပင်မအလုပ်ဖြစ်တဲ့ အနုပညာအလုပ်ကိုတောင် ဘေးဖယ်ပြီးတော့ တစ်နိုင်ငံလုံးမှာလိုအပ်နေတဲ့ကူညီမှုတွေအတွက် အမြဲတမ်း ရှေ့ကကာကွယ်ဖြည့်တင်းပေးနေသူ တစ်ဦးလည်းဖြစ်ပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေတဲ့ ကာလ တွေမှာ ပြည်သူတွေ လိုအပ်တဲ့ အောက်ဆီဂျင်များ လူဒါန်းပေးခဲ့သလို တတ်နိုင်တဲ့ဘက်ကနေလည်း ကူညီပံ့ပိုးမှုတွေ လုပ်ဆောင် ပေးခဲ့တာဖြစ်ပါတယ်။အခုလည်း အသက်ကြီးမှ ပင်ပင်ပန်းပန်း ဈေးရောင်းကာ ဘဝကို ရုန်းကန်နေရတဲ့ ဘိုးဘွားတွေ အဖြစ်ကို စိတ်မကောင်းစွာ ပြောပြရင်း ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ် ။

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

ဈေးရောင်းနေတဲ့ သက်ကြီး ရွယ်အိုများ အတွက် ဆန် ၊ ဆီ ၊ ကြက်သွန် စားနပ်ရိက္ခာနဲ့ အလှူငွေလေးတွေကို နိုင်သလောက် လှူခဲ့တယ်လို့ သိရပါတယ် ။ ကူညီထောက်ပံ့ရင်း သူတို့တွေရဲ့  စိတ်မကောင်းစရာအဖြစ် တွေကို ” ကိုယ်သွားနေကျ ဈေးထဲ က ဝယ်ပြီးအား ပေးနေကျ အချဉ်ပေါင်းတို့ အသီး လေးတွေ ရောင်းတယ့် အ ဖွား  အသက်က ၆၇နှစ် အဖိုးက ၆၅နှစ်  ဆိုက်ကားနင်းပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

အိမ်မှာ အမေ ကြီးက အသက် ၉၀ ရှိပါ သေးတယ်။ အ သက် အ ရွယ် ရလာပေမယ့် ဘဝကို ကြိုးစားရုန်းကန်ရင်း အမေအို ကို လုပ်ကြွေးတုန်း။ အ ချဉ် ပေါင်းရောင်း တယ် အဖွားက ကျမ်းမာရေးက မကောင်းလှ တော့ဖူး။ အသီးတွေ ကို မခွာနိူင် တော့ဖူး။ အ ဖွားတို့အတွက် ဆန် ဆီ ကြက် သွန် စားနပ် ရိက္ခာနှင့် အလှူ ငွေ လေး နိူင်သလောက် ယူသွားပြီး ဈေးသွားရင်း လှူပေးခဲ့ပါတယ်။ နောက်နေ့လည်း ထမီ အသစ် လေးတွေ ယူသွားရင်း လှူ ပေးပါအုံးမယ် ” လို့ သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။

Photo Credit : Wai Lu Kyaw Foundation’s Fb page
Photo Credit : Wai Lu Kyaw Foundation’s Fb page

Source : Wai Lu Kyaw Foundation’s Fb page

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T