နိုင်ငံထဲကနေ ထွက်ခွာသွားဖို့ နိုင်ငံကူးလက်မှတ်ရုံးရှေ့မှာ ကြိတ်ကြိတ်တိုး အလုအယက် တန်းစီစောင့်ဆိုင်းနေကြတဲ့ အာဖဂန်ပြည်သူတွေရဲ့ ရုပ်သံ

//s9.kh1.co/be/bebd65cf84c5e282d4957c1e320e3635b7a1b92f.jpg
နေ့စဉ်သတင်းများ

 ၀၈-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နိုင်ငံကနေထွက်သွားကြဖို့အတွက် ကဘူးလ်မြို့တော်က နိုင်ငံကူးလက်မှတ်ရုံးအရှေ့မှာ အာဖဂန်ပြည်သူတွေ လူပေါင်းရာနဲ့ချီ စုဝေးစောင့်ဆိုင်းနေကြတယ်လို့ A Nwes သတင်းဌာနက ဖော်ပြလာတဲ့ တွေ့ရပါတယ်။ ရုပ်သံဖိုင်တွေအရ အာဖဂန်ပြည်သူတွေဟာ နိုင်ငံကူးလက်မှတ်ရုံးရဲ့ အရှေ့ အုတ်တံတိုင်း အရံအတားအဆီးတွေကြားကနေ သူတို့ ရဲ့ လျှောက်လွှာတွေကို အာဏာပိုင်တွေလက်ထဲအရောက် ကမ်းဖို့ ကြိုးစားနေခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

Photo Credit - A Nwes
Photo Credit - A Nwes
Photo Credit - A Nwes
Photo Credit - A Nwes

တာလီဘန်လုံခြုံရေး အာဏာပိုင်တွေက အမိန့်ညွှန်ကြားချက်အတိုင်း ပတ်စ်ပို့ရုံးရှေ့က လူအုပ်ကြီးကို တားဆီးဟန့်တားခြင်း တွေလည်းရှိခဲ့ပါတယ်။အဆိုပါ ပတ်စ်ပို့ရုံးက သြဂုတ်လပိုင်းက အာဖဂန်နိုင်ငံ တာလီဘန်တွေရဲ့ လက်ထဲ ရောက်ခဲ့တဲ့ အချိန်ကတည်းကစပြီး ပိတ်ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကတည်းက နိုင်ငံထဲကနေ ထွက်ခွာသွားဖို့ လူပေါင်းများစွာ သောင်တင်ကျန်ရစ်နေခဲ့တယ်လို့ သိရပါတယ်။

Photo Credit - A Nwes
Photo Credit - A Nwes

ပတ်စ်ပို့လာရောက် လျှောက်ထားသူတွေထဲက တစ်ဦးက “ ကျွန်တော် နိုင်ငံကူးလက်မှတ်ရဖို့ လာရောက် ခဲ့တာပါ။ ဒါပေမယ့် ဒီမှာမြင်နေတဲ့ အတိုင်းပါပဲ။ ပြဿနာတွေ အများကြီးရှိတယ်။ နောက်ပြီး ဒီက စနစ်က အလုပ်မလုပ်ပါဘူး။ ဒီမှာ ကျွန်တော်တို့ မေးခွန်းတွေကို ဖြေပေးမယ့်သူတစ်ယောက်မှ မရှိပါဘူး။ လူတွေ အကုန်လုံးက အာရုံတွေ နောက်နေကြပါပြီ။ ဒီမှာ အလုပ်လဲမရှိဘူး။ စီးပွာရေးလဲ မကောင်းဘူး။ ဒါကြောင့် ကျွန်တော့ ကလေးတွေရဲ့ အနာဂတ်ကို ကောင်းစေချင်ပါတယ်” လို့ ဆိုထားကြောင်း သိရပါတယ်။

သတင်း အရင်းအမြစ်Source - ANwes

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T