ပြင်းအား (၅.၉) အဆင့်ရှိ​ငလျင် ဂျပန်နိုင်ငံတွင် လှုပ်ခတ်ပြီးနောက် အိမ်ပေါင်း၃၀၀နီးပါး လျှပ်စစ်မီးပြတ်တောက်ခြင်းများဖြစ်ပေါ်

//s9.kh1.co/41/4180b2622f5a730bc81118691619bdde2e2e951f.jpg
နေ့စဉ်သတင်းများ

 ၀၈-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ငလျင်ကတော့တော်တော်ပြင်းတယ်ပြောတယ်...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ယမန်နေ့ အောက်တိုဘာ(၇)ရက်နေ့ ည(၁၀း၄၀)နာရီခန့်က ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရဲ့ အရှေ့ဘက် ဂျပန်နိုင်ငံအနောက်မြောက်ဘက်ရှိ ချီဘားစီရင်စုတွင် ပြင်းအား (၅.၉) ရစ်ချ်တာစကေး ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့ ဂျပန်နိုင်ငံမိုးလေဝသဌာနက ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit From မြေငလျင်သတင်းများစင်တာ
Photo Credit From မြေငလျင်သတင်းများစင်တာ

ချီဘားခရိုင်အတွင်း ပျက်ဆီးမှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း ဂျပန်နိုင်ငံ ရဲ့ သတင်းဌာနများကလည်းဖော်ပြပေးခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် ဖူမီအို ကီရှီဒါကလည်း ငလျင်ကြောင့် ထိခိုက်မှုရှိခဲ့ရသူများကို အမြန်ဆုံးကူညီပေးရန်နဲ့ အပျက်အဆီးများကိုကာကွယ်ပေးဖို့အတွက် ညွှန်ကြားထားပါတယ်။

Photo Credit From Google
Photo Credit From Google

ငလျင်လှုပ်ခတ်စဉ်ရပ်တန့်သွားခဲ့တဲ့ ရထားခရီးစဉ်များကြောင့် သောင်တင်နေတဲ့ ခရီးသည်ပြည်သူများအတွက် အိမ်အမြန်ဆုံးပြန်ပို့ပေးနိုင်ရန်အတွက် ရထားလိုင်းစီမီခန့်ခွဲသူများကို ဝန်ကြီးချုပ်က မေတ္တာရပ်ခံပေးခဲ့ပါတယ်။ငလျင်ပြင်းအား ၅ ဒသမ ကျော်လွန်တဲ့ ငလျင်ဟာ ဂျပန်နိုင်ငံတွင် ၂၀၁၁ခုနှစ် မတ်လ ၁၁ရက်နေ့တွင် နောက်ဆုံး လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ဝန်ကြီးချုပ်က သတင်းထောက်များကို ဆိုပါတယ်။

Photo Credit From Google
Photo Credit From Google

"ဖုန်းတွေမှာ ငလျင်သတိပေးချက်ရှိပေမယ့်လည်း သတိပေးချက်ထွက်ပေါ်ပြီး မိနစ်ပိုင်းလေးအတွင်းမှာပဲ ငလျင်က စတင်လှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ ငလျင်က အတော်လေး ပြင်းတယ်။ အိမ်ဆိုရင် ပြိုကျတော့မတတ်ပဲ"လို့ ဒေသခံသတင်းထောက်က ပြောပါတယ်။"ဓာတ်ပုံဘောင်တွေ၊ဖန်ခွက်တွေ၊ပန်းကန်တွေ အကုန် နံရံတွေစင်ပေါ်ကနေ ကျကွဲကုန်တာ..နှလုံးခုန်သံက ပေါက်ကွဲမတတ်ပဲ" လို့ဆိုပါတယ်။ငလျင်ကြောင့် တိုကျိုမြို့ရှိ အိမ်ပေါင်း ၂၅၀ကျော်ဟာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ရတယ်လို့ တိုကျိုလျှပ်စစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T