ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းလာပါက Stay at Home သတ်မှတ်ချက် ဖြေလျှော့ပေးမည်လို့ ပြောကြားလာတဲ့ စစ်ကောင်စီဥက္ကဋ္ဌ

//s9.kh1.co/60/607fd8f66546228eb8a1825040a9e5acf0669a84.jpg
နေ့စဉ်သတင်းများ

 ၀၈-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ကိုဗစ်ရောဂါကူးစက်မှုနှုန်းတွေကရော တကယ်ကျဆင်းလာပြီလား.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်မှုနှုန်း သတ်မှတ်ထားသည့်ပမာဏသို့ ကျဆင်းလာပါက Stay at Home သတ်မှတ်ထားမှုကို ဖြေလျှော့ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ အောက်တိုဘာ(၇)ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့များနဲ့ ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံခဲ့တဲ့အစည်းအဝေးပွဲ မှာ ပြောဆိုလိုက်ပါတယ်။

Photo Credit From MyanmaPlatform
Photo Credit From MyanmaPlatform

ဆက်လက်ပြီး ယခုအခါ Covid-19ရောဂါဖြစ်ပွားမှုဟာ လက်ရှိမှာ (၈) ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာပြီဖြစ်ကာ သတ်မှတ်ထားတဲ့ ပမာဏသို့ ထပ်မံကျဆင်းလာမည်ဆိုပါက Stay at Home သတ်မှတ်ထားမှုများ ဖြေလျှော့ခြင်းနဲ့ ဖြေလျှော့လို့ရတဲ့ အခြားသောကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးသွားမယ်လို့ ဆိုပါတယ်။ဒါ့အပြင် ကူးစက်နှုန်းကျဆင်းလာစေရေးအတွက် တစ်ဦးချင်းကိုယ်စီ ထိန်းသိမ်းနေထိုင်ကြရန်နဲ့ ပတ်ဝန်းကျင်မှာလည်း နေထိုင်မှု စည်းကမ်းစနစ်တကျရှိစေရေး ဝိုင်းဝန်းလုပ်ဆောင်ကြရန် လိုအပ်တယ်လို့ ဆိုပါတယ်။

Photo Credit From MyanmaPlatform
Photo Credit From MyanmaPlatform

ထို့နောက် ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုသည် တတိယလှိုင်းအတွင်း အများဆုံးဖြစ်ပွားမှုများ များပြားခဲ့သော်လည်း ယခုအခါ ကူးစက်မှုနှုန်း အနိမ့်ဆုံးနဲ့ သေဆုံးမှုနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိသွားပြီဖြစ်တယ်လို့လည်း ၎င်း ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

Photo Credit From MyanmaPlatform
Photo Credit From MyanmaPlatform
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T