မြန်မာပြည်သူတွေရဲ့ အနာဂတ်အိမ်မက်တွေ တဖြည်းဖြည်း တောက်ပလာတော့မယ့် ဝမ်းသာစရာသတင်းကောင်းလေးတစ်ခု

//s9.kh1.co/62/62169036275005fc94558345a5f9bc1eb7ad7a83.jpg
နေ့စဉ်သတင်းများ

 ၀၈-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဒီကနေ့မှာတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်တွေ တဖြည်းဖြည်းနဲ့ အရောင်တောက်ပ လင်းလက်လာတော့ ဝမ်းသားစရာ သတင်းကောင်းတစ်ခု ထပ်မံ ကြားသိရပါတယ်။ ဒါကတော့ နိုင်ငံပေါင်း (၂၇) နိုင်ငံ ပါဝင်ဖွဲ့စည်းထားတဲ့ ဥရောပသမဂ္ဂပါလီမန်က အောက်တိုဘာ (၇) ရက်နေ့တွင် မြန်မာပြည်သူတွေရဲ့တရားဝင်အစိုးဖြစ်တဲ့  NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို အားပေးထောက်ခံဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း ကြားသိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဥရောပ သမဂ္ဂပါလီမန်က မြန်မာ့အရေးကို မဲခွဲဆုံးဖြတ်ပြီး ဆန္ဒမဲပေးခွင့် ရှိသူ စုစုပေါင်(၆၈၀) ရှိတဲ့အနက် ထောက်ခံမဲ (၆၄၇) ၊ ကန့်ကွက်မဲ (၂) မဲ၊ ကြားနေ (၃၁) မဲတို့ဖြင့် တခဲနက် ဆုံးဖြတ်ချက် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့အရေးနှင့်ပတ်သက်တဲ့ အချက် (၅) ချက်ပါသော ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း (၂၇) နိုင်ငံမှ ကိုယ်စားလှယ်များက သဘောတူညီခဲ့ပြီး မတရားဖမ်းဆီးခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဖမ်းဆီး ထိမ်းသိမ်းခံထားရသော နိုင်ငံရေး ခေါင်းဆောင်များအပြင် အကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

တရားဝင် အစိုးရတာဝန်ရှိသူများထံ အာဏာပြန်လွှဲပေးပြီး ပြဿနာကို ငြိမ်းချမ်းသောနည်းနဲ့ ဖြေရှင်းရေးဆီ ဦးတည်ရန် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို ပါလီမန် ဥက္ကဋ္ဌက ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးများ၊ အာရှနိုင်ငံများ အပါ အဝင် ကမ္ဘာ့ခေါင်းဆောင်များသို့ ပေးပို့ အသိပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီသတင်းကောင်းလေးကိုလည်း ပရိသတ်တွေလည်း သိရှိရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - CRPH

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T