Marvel Comic ထဲက ဗီလိန်တစ်ယောက်နဲ့တူအောင် ခွဲစိတ်ပြုပြင်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/d6/d6e78ffef27cb372f87d05473ea9cf71f6737591.jpg
ဗဟုသုတအဖြာဖြာ

 ၀၈-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း အမျိုးသား တစ်ဦးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ သူ့ရဲ့နာမည်ကတော့ Henry Damon ဖြစ်ပြီး နာမည်ကြီး Marvel Comic တွေထဲက ဗီလိန်တွေကို အလွန်အမင်း သဘောကျတဲ့သူလည်း ဖြစ်ပါတယ်။ ဒီလို သဘောကျနှစ်သက်တွေမှုတွေကပဲ သူ့ကို Marvel Comics ထဲကလိုမျိုး ဗီလိန်ပုံစံမျိုး ဖြစ်ချင်လာအောင် တွန်းအားပေးခဲ့တယ်လို့ သိရပါတယ်။ ပထမဦးစွာ သူဟာ Emilio Gonzalez လို့ခေါ်တဲ့ တက်တူး Artist နဲ့ တွေ့ဆုံခဲ့ကာ လိုအပ်တဲ့ တက်တူးတွေ ထိုးတာအပြင် တခြားသော ခွဲစိတ်ပြုပြင်မှုတွေကိုပါ ပြုလုပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=801,q=100/ec/ec31f3a16b3ba481aec1e3cbf1f57c80bf91be44.jpg
https://s9.kh1.co/__image/w=634,h=667,q=100/51/5196a1deb9f3464f32ae114e873f71d4e0de5ac2.jpg

တက်တူးထိုးခြင်းနဲ့ ခွဲစိတ်မှုတွေလုပ်ပီးသွားတဲ့အခါမှာတော့ သူ့ရဲ့ အသွင်အပြင်ဟာ နဂိုမူလရုပ်ရည်ထက် များစွာ ကွဲပြားခြားနားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Marvel Comics ထဲက ဘယ်ဗီလိန် ဇာတ်ကောင်နဲ့ တူသလဲဆိုတာကိုတော့ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ပါဘူး။ သူ့ပုံစံကတော့ လူစီဖာတစ်ယောက် ငရဲကနေ လူ့ပြည်ကို လာတဲ့ ပုံစံနဲ့တောင်တူနေတယ်လို့ တချို့သူတွေက ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ဘယ်လို ဗီလိန်ပုံစံမျိုး ပြင်ခဲ့လဲဆိုတာတော့ ကာယကံရှင် ကိုယ်တိုင်သာ အသိဆုံး ဖြစ်မှာပါ။

https://s9.kh1.co/__image/w=562,h=546,q=100/29/29919e137db3de1799e88dd7e6430e9fb3d824e7.webp
https://s9.kh1.co/__image/w=634,h=461,q=100/38/3810a1fb093e5c7750105fa3097b4647bec07899.jpg
https://s9.kh1.co/__image/w=650,h=434,q=100/f4/f4f942ab058b16bae16a8a5ec371cb460f9b6078.webp

နောက်ဆုံးမှာတော့ သူဟာ MARVEL Comic ထဲက နာမည်ကြီး ဗီလိန်ဇာတ်ရုပ်ဖြစ်တဲ့ Red Skull ပုံစံကို ပြုပြင်ခဲ့တာ ဖြစ်တယ်လိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပထမဦးဆုံးစွာ သူဟာ မျက်လုံးတွေကို Red Skull နဲ့ တူညီဖို့အတွက် မျက်လုံးတစ်စုံလုံးကို အနက်ရောင် ဖြည့်လိုက်တာပဲ ဖြစ်ပါတယ်။ နောက်ထပ် လိုအပ်တဲ့ပုံစံကိုရဖို့အတွက် မျက်နှာတစ်ပြင်လုံးကို အနီရောင်ဖြည့်ပြီး နှာခေါင်းကို အရိုးခေါင်းပုံစံ ဖြစ်ဖို့အတွက် အနည်းငယ် ဖြတ်တောက်ခဲ့ရတယ်လို့လည်း သိရပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ သဘောကျဆုံး ဗီလိန်ဖြစ်တဲ့ Red Skull ပုံစံကို ပြည့်ပြည့်စုံစုံလုပ်နိုင်သွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=480,h=360,q=100/18/1878ccf686b37db8832be77aedd8d5acadb8c2fc.jpg
https://s9.kh1.co/__image/w=650,h=390,q=100/b3/b3fb19cf851739dbc173736c8b1bf3ea9a30f54a.jpeg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T