John McCain Freedom Award ရရှိသွားတဲ့ သံအမတ်ကြီး ဦး​ကျော်မိုးထွန်း

//s9.kh1.co/de/deedf3c3f700f21e58c4fcb0a104aec11d9201bb.jpg
နေ့စဉ်သတင်းများ

 ၀၈-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

ဂုဏ်ယူပါတယ်..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကျော်မိုးထွန်းကို ဒီမိုကရေစီသူရဲကောင်းအဖြစ် International Republican Institute (IRI) ကလာမယ့်အောက်တိုဘာလ ၁၉ ရက်နေ့မှာ John McCain Freedom Award ဆု ချီးမြှင့်မယ်လို့သိရပါတယ်။

Photo Credit From Myanmar Pressphoto Agency
Photo Credit From Myanmar Pressphoto Agency

IRI သည် (၁၉၉၅) ခုနှစ်မှစတင်ကာ ဒီမိုကရေစီတိုးတက်မှုအတွက်ကတိကဝတ်ပြုသောပုဂ္ဂိုလ်များ၊ ဒီမိုကရေစီ လွတ်လပ်မှုနှင့် လူသားလွတ်မြောက်မှု ကမ္ဘာတစ်ဝန်းရှိသန်းပေါင်းများစွာသောလူများအတွက်အခွင့်အလမ်းများကိုဖန်တီးပေးခဲ့သူများကို Freedom Award ဖြင့် ဂုဏ်ပြုခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာလည်း (၁၉၉၉) ခုနှစ်တွင် Freedom Award ကိုရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

Photo Credit From Myanmar Now
Photo Credit From Myanmar Now

International Republican Institute (IRI) မှ အောက်တိုဘာလ (၁၉) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် John McCain Freedom Award ဂုဏ်ပြု ချီးမြှင့်ပွဲကို လစ်သူယေးနီးယား၊ မြန်မာ၊ဘယ်လာရုစ်နှင့် ကျူးဘားနိုင်ငံတို့မှ ဒီမိုကရေစီ သူရဲကောင်းများ ဖြစ်ကြသည့် လစ်သူယေးနီးယား ဝန်ကြီးချူပ် Ingrida Symonyte ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဘယ်လာရုစ် နိုင်ငံရေး အကျဉ်းသားများ အတွက် ပေါင်းစည်းညှိနိုင်းရေး ကောင်စီ ကိုယ်စားလှယ် Tatsiana Khomich ၊ ကျူးဘာနှင့်ဂျာမဏီအနုပညာဆုရရှိထားတဲ့ Willy Chilino တို့ကို ဖိတ်ကြားထားကြောင်းသိရပါတယ်။အဆိုပါဆုပေးပွဲကို ရီပတ်ဗလီကင် အထက်လွှတ်တော် ခေါင်းဆောင် စီနိတ်တာ Mitch McConnell, IRI ဥက္ကဌ စီနိတ်တာ Dan Sullivan၊ စီနိတ်တာ Joni Ernst ၊ စီနိတ်တာ Lindsey Graham နှင့် စီနိတ်တာ Rick Scott တို့ တက်ရောက်ကြမည်လို့လည်း ဆိုပါတယ်။

Photo Credit From လောကချမ်းသာ
Photo Credit From လောကချမ်းသာ
Photo Credit From လောကချမ်းသာ
Photo Credit From လောကချမ်းသာ
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T