မျက်စိတစ်လုံးသာပါတဲ့ နွားလေးကို မွေးမြူမိပြီးနောက် စီးပွားရေးကောင်းမွန်ခဲ့တဲ့ အိန္ဒိယက လယ်သမား

//s9.kh1.co/d0/d007dd1feead726b521f8dc35cf6a90ce75245b1.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-အောက်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယမှာရှိတဲ့ West Bengal က ရွာတစ်ရွာမှာ ထူးဆန်းစွာ မျက်လုံးတစ်လုံးတည်းသာပါပြီး နှာခေါင်းမရှိတဲ့ နွားငယ်လေးကို မွေးမြူခဲ့ပါတယ်။ အဲ့ဒီပါတဲ့ မျက်လုံးဟာဆိုရင်လည်း ခေါင်းရဲ့မျက်နှာ တည့်တည့်မှာ ရှိနေခဲ့ကာ နှာခေါင်းမပါပါဘူး။ အဲ့ကောင်လေးကို မွေးတဲ့ နွားမကြီးကတော့ လျှာဖြင့်လျက်နေခဲ့ကာ မိခင်စိတ်ဓာတ်ကို တွေ့ရှိခဲ့ရပါတယ်။ ရွာထဲကလူတစ်ယောက်က " လည်ပင်ထိတော့ အဆင်ပြေပါတယ်...ခေါင်းကျမှာသာ အထူးအဆန်းဖြစ်နေခဲ့တာ " ဆိုပြီး အံ့ဩစွာ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=415,q=100/2c/2cc41e9124fbb9326b73ea0c605778448e74b478.jpg

နောက်မိန်းမတစ်ယောက်ကလည်း " ကျွန်မဘဝမှာ ဒီလိုမျိုး အထူးအဆန်း တိရစ္ဆာန်မွေးတာကို တစ်ခါမှလည်း မကြားဖူးသလို မြင်လည်း မမြင်ခဲ့ဖူးပါဘူး " ဆိုပြီး ပြောပြခဲ့ပါတယ်။ အမည်မဖော်လိုသူ ပိုင်ရှင်ကတော့ " တခြားအနီးအနားက ရွာကလူတွေကတော့ ကျွန်တော်တို့ဆိလာပြီး အဲ့နွားလေးက အလုပ်လုပ်နိုင်လားဆိုပြီးလာမေးခဲ့ကြပါတယ်...ကျွန်တော်တို့ကတော့ ဒါဟာ God ရဲ့ထူးခြားတဲ့အရာပါပဲ ပြီးတော့ ဒါဟာ Lord Brahma ပဲဖြစ်မှာပါ " လို့ပြောခဲ့ပါတယ်။ Lord Brahma ကတော့ ဟိန္ဒူနတ်ဘုရားတစ်ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=351,q=100/87/87ac8e0c18ccabdb4aeffda82500f72883e6a72b.jpg
https://s9.kh1.co/__image/w=600,h=1020,q=100/9a/9a94343030f8f12ade3f1c4a176e538ce3e67569.jpg

အဲ့လိုမျိုးထူးခြားစွာ မွေးမြူလာပြီးနောက် ပိုင်ရှင်ရဲ့အိမ်ဟာ စီးပွားရေးကောင်းမွန်လာပြီး အစစအရာရာ အဆင်ပြေချောမွတ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း နွားလေးဟာ ရက်အနည်းငယ်သာ အသက်ရှင်ခဲ့ပြီး သေဆုံးခဲ့ပါတယ်။ နှာခေါင်းမပါပဲ ဘယ်လို သက်ရှိက အသက်ရှူလဲဆိုတာ စဉ်းစားလိုကိုမရပါဘူး။ သိပ္ပံလောကမှာလည်း ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်တွေများစွာကိုတွေ့ရှိတာ ပရိသတ်ကြီးလည်း သိမှာပါ။ ခုဆိုရင်လည်း မျက်စိတစ်လုံးထဲပါတဲ့ နွားလေးတစ်ကောင်ကို မှတ်တမ်းတင်ခဲ့ကြပြန်ပါပြီ။

https://s9.kh1.co/__image/w=600,h=800,q=100/5c/5c92fabf9e73adae6cac493bdeaba50a8eb33d96.jpg

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T