ကျောင်းဆောက်ဖို့ ရန်ပုံငွေမလိုလောက်တာကြောင့် ဂူထဲမှာ စာသင်ကြားရတဲ့ကျောင်း

//s9.kh1.co/80/8034d1e1a24e01a5316dabe2483713711a00199b.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-အောက်-၂၀၂၁ ၈pm · လွန်ခဲ့သော ၂ နှစ် က

.

အခုတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်က အဆန်းကြယ်ဆုံးသော စာသင်‌ေကျာင်းတွေထဲက တစ်ကျောင်းပဲဖြစ်ပါတယ်။ အဲ့ကျောင်းကိုတော့ တရုတ်နိုင်ငံက လိုဏ်ဂူထဲမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းလေးပါ။ ပညာရဲရင့် ပွဲလယ်တင့်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ပညာမတတ်ရင် စီးပွားရှာတဲ့ အရွယ်မှာ အတော်လေးကို ဒုက္ခဆင်းရဲ ရောက်ရပြီး ဝမ်းစာရှာဖွေတဲ့အခါမှာ ရုန်းကန်ရတတ်ပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/94/948193b2602ad07d58f3f384756f27b5326cb711.jpg
https://s9.kh1.co/__image/w=600,h=360,q=100/bb/bb54ad5d002d657c1f4ab2805639e3fad63a107f.jpg

ဒါ့ကြောင့် ပညာသင်တဲ့ အရွယ်မှာ ကြိုးကြိုးစားစား လေ့လာဆည်းပူးမှသာ မိမိတတ်ထားတဲ့ ပညာလေးနဲ့ ရှာဖွေစားသောက်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီစာသင်ကျောင်းလေးကတော့ တရုတ်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားလှတဲ့ နေရာလေးမှာ တည်ရှိနေတာ ဖြစ်ပြီး ကျောင်းဆောက်ဖို့ ရန်ပုံငွေ မရှိတာကြောင့် လိုဏ်ဂူထဲမှာပဲ အဖြစ်သဘောမျိုး တည်ဆောက်ပေးထားတဲ့ စာသင်ကျောင်း‌ေလး ဖြစ်ပါတယ်။ ဒီကျောင်းက ကလေးတွေကတော့ လေးစားစရာပါပဲ။

https://s9.kh1.co/__image/w=600,h=398,q=100/74/74bbfb08932f4f7340fc797d0dac5bb465ede185.jpg
https://s9.kh1.co/__image/w=600,h=398,q=100/c9/c9c258958ded5a4424d73b0d5c95545ab581eee3.jpg

စာသင်ကြားတဲ့ ကလေးတွေဟာ တောင်ပေါ်ဒေသက ရွာလေးတွေမှာ နေထိုင်ကြတာ ဖြစ်ပြီး တချို့ကလေးလေးတွေ ဆိုရင် ကျောင်းကိုလာဖို့အတွက် ၆နာရီလောက် လမ်းလျှောက်ခဲ့ရတယ်လို့ သိရပါတယ်။ ကျောင်းပညာရေးဆိုတာ တကယ်လိုအပ်တဲ့ အချက်တစ်ခုဖြစ်ပြီး စနစ်တကျတက်ဖို့တော့ လိုအပ်ပါတယ်။ ဒီကလေးငယ်တွေကလည်း စာတက်ပြီး ပညာတက်ဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာ သိရှိပြီး ခုလိုမျိုး ခက်ခက်ခဲခဲ သင်ယူနေကြတာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=375,q=100/f6/f60c7ef4ad6a0bf1148ab88a53f00711e9b36bb6.jpg
https://s9.kh1.co/__image/w=600,h=400,q=100/67/67036115c26909ee515fe936b78727e1ac216e53.jpg

သတင်း အရင်းအမြစ်ViralXfiles

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T