ပါကစ္စတန်နိုင်ငံမှာ မြေငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူပေါင်း (၂၀)ဦး ထက်မနည်း သေဆုံးလာ

//s9.kh1.co/8c/8c4f1279c783414d5e9159508cbdd8b6ccb12de7.jpg
နေ့စဉ်သတင်းများ

 ၀၇-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း၊ ဘလူချီစတန်ပြည်နယ် အောက်တိုဘာ (၇) ရက် ယနေ့မနက်အစောပိုင်းက အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ လူပေါင်း(၃၀၀)ကျော်လောက်နဲ့ သေဆုံးသူ (၂၀) ဦးထက်မနည်းရှိလာခဲ့ပြီလို့ နိုင်ငံတကာ သတင်းများကဖော်ပြလာခဲ့ပါတယ်။ အဆိုပါ မြေငလျင်ဟာ ပြင်းအား ၆ မဂ္ဂနီကျူ့နီးပါးရှိပြီး မြေအောက်အနက် ၉ ကီလိုမီတာခန့်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲက အများစုဟာ ကလေးတွေနဲ့ အမျိုးသမီးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ငလျင်ဟာ Quetta မြို့ရဲ့ အရှေ့ဘက် ၁၀၂ ကီလိုမီတာ (၆၂ မိုင်) နှင့် ငလျင်ဗဟိုချက်အနက် ၂၀ ကီလိုမီတာ (၁၂ မိုင်) ၌လှုပ်ခဲ့သည်ဟု US Geological Survey (USGS) ထုတ်ပြန်ထားပါတယ်။ ငလျင်လှုပ်မှုကြောင့် ရွှံ့အိမ် (၁၀၀) ကျော်ပြိုကျပြီး အဆောက်အဦး များစွာပျက်စီးခဲ့ပါတယ်။ လက်ရှိမှာတော့ ပြိုကျပျက်စီးနေတဲ့ နေအိမ်တွေမှာ ပိတ်မိနေတဲ့ သူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

၁၉၃၅ ခုနှစ်တုန်းကလည်း ပြင်းအား ၇.၇ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူပေါင်း (၃၀၀၀၀) မှ (၆၀၀၀၀)အကြားသေဆုံးခဲ့ပြီး နေအိမ်အတော်များများကိုပျက်စီးစေခဲ့သလို ၂၀၀၅ ခုနှစ်မှာလည်း မြို့တော်အစ္စလာမာဘတ်ရှိ အရှေ့မြောက်ဘက် ၉၅ ကီလိုမီတာမှာ ပြင်းအား ၇.၆ ရှိတဲ့ ငလျင်တစ်ခုကြောင့် လူပေါင်း ( ၇၃၀၀၀ ) ခန့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်Source - A News

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T