ဝက်မွေးမြူရေးခြံတွေပါ ရေနစ်မြုပ်သွားခဲ့လို့ ရေပေါ်မှာ မြုပ်လိုက်ပေါ်လိုက် ကူးခတ်သွားနေတဲ့ ဝက်တွေကို အရေးပေါ်ကယ်ဆယ်နေရတဲ့ ရုပ်သံဖိုင်

//s9.kh1.co/d3/d37e960a5ba17ea1cbee8127d51fea3cb2dc3bb4.jpg
နေ့စဉ်သတင်းများ

 ၀၇-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.


ထိုင်းနိုင်ငံရဲ့ ယခုတစ်ခါရေးကြီးမှု ၂၀၁၁ ခုနှစ် ရေကြီးမှုထက်ကျော်လွန်ခဲ့ပြီး အဆိုးရွားဆုံး စံချိန်တင် နှစ်တစ်နှစ်လည်း ပြောလို့ရပါတယ်။ အိမ်ထောင်စုပေါင်း (၁၃၀၀၀) နီးပါလောက်လည်း ရေဘေးသင့်ခဲ့ရသလို့ စိုက်ပျိုး၊ မွေးမြူရေးများအပြင် လူနေအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ယခုမှာလည်း ဝက်မွေးမြူရေးခြံတွေ ရေနစ်မြုပ်သွားခဲ့လို့ အရေးပေါ် ကယ်ဆယ်ရေးတွေ လုပ်ခဲ့ရတဲ့ ရုပ်သံဖိုင်တစ်ခုဟာ လူမှုကွန်ယက်မှာတွေ့မြင်ရပါတယ်။ 

Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น
Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น
Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น
Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น

ဒါကတော့ အောက်တိုဘာ (၄) ရက်နေ့က ရေနစ်မြုပ်သွားခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း Khon Kaen ခရိုင်၊ Phra Yuen ခရိုင်၊ Ban Ton ခရိုင် Chi Ton မြစ်ကမ်းပါးရှိ ဝက်မွေးမြူရေးခြံတွေက ဝက်တွေကို ထိုင်းဘုရင့်တပ်မတော် (၂၃) မှ Khon Kaen ခရိုင်မွေးမြူရေးအရာရှိများ၊ ဝက်မွေးမြူရေးအရာရှိများနှင့် ၎င်းဒေသရှိရွာသားများ ပူးပေါင်းဆောင်ရွက်ပြီး ကယ်ဆယ်ရေး လုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။

Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น
Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น
Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น
Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น
Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น
Photo Credit : เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น

ရေလွှမ်းသွားခဲ့တဲ့ ဝက်ခြံတွေက ဝက်အကောင်ရေ (၂၀၀၀ )ကျော်မှာ  (၁၀၀၀) ကျော်လောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အကောင်ရေ (၁၀၀၀) ဝန်းကျင်လောက်ဟာ ရေထဲကူးခတ်ထွက်ပြေးနေတာတွေရှိသလို ဝက်ခြံတွေမှာ ပိတ်မိပြီး ထွက်လို့မရဘဲ ရေထဲမှာနေရတဲ့ဝက်တွေများစွာရှိနေသေးတယ်လို့ သိရပါတယ်။ ရုပ်သံဖိုင်တွေမှာတော့ ရေပေါ်မှာ မြုပ်လုနီးပါး ကူးခတ်နေတဲ့ ဝက်တွေကို စက်လှေတွေနဲ့ လိုက်လံ ကယ်ဆယ်ပေးနေတာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Source - เครือข่ายเพื่อนเตือนภัยจังหวัดขอนแก่น


Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T