အကြောင်းတစ်ခုခုကြောင့် မိကျောင်း အကောင်း ၄၀ ကျော်ကို မိမိရဲ့ ပန်းခြံထဲမှာ မွေးမြူထားသူ

//s9.kh1.co/6f/6f3b1a17a85c1b8748d09b49df93ddb0a38dcf0f.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဘူရွန်ဒီနိုင်ငံက မိကျောင်းများကို လူတစ်ဦးကသူရဲ့ ကိုယ်ပိုင်ပန်းခြံမှာ ကာကွယ်ကျွေးမွေးစောင့်ရှောက်ထားတာပဲဖြစ်ပါတယ်။ ဘူရွန်ဒီနိုင်ငံက မိကျောင်းများဟာ စားဖို့အတွက်န‌ဲ့ အများအပြား အသတ်ခံနေကြရတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်ပဲ လူတစ်ယောက်က ဒီကိစ္စကို သူ့အနေနဲ့ ၀င်ရောက်ကာကွယ်မှ ဖြစ်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=390,q=100/c5/c56044b31d87aa470999fa8b7fd78bfc8e8a6174.jpeg
https://s9.kh1.co/__image/w=640,h=320,q=100/e9/e97684957b1c3f3dc296a5603043f1327e098bf4.jpeg

အဲ့ဒီလူရဲ့ နာမည်ကတော့ Ngendera Albert ဆိုသူပဲဖြစ်ကာ ထိုကိစ္စကိုဖြေရှင်းရန် အရေးတယူကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဘူရွန်ဒီနိုင်ငံက မိကျောင်းတွေဟာ စားဖို့အတွက်နဲ့ အသတ်ခံကြရပြီး ထိုအဖြစ်အပျက်ဆိုးကြီးကို ဖယ်ရှားရန် သူဟာ စဉ်စားခဲ့ပါတယ်။ အဲ့နောက်မှာ သူဟာ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးကိစ္စကိုကြိုးစားပမ်းစား အကောင်ထည်ဖော်ဖို့ အကြံရရှိခဲ့ပါတယ်။ သူရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။

https://s9.kh1.co/__image/w=650,h=390,q=100/5d/5dba699b15e133ec35c418b66fd6d2ce91114ab1.jpg
https://s9.kh1.co/__image/w=650,h=366,q=100/9a/9a02b2a50afa777873f7efe5423aa6463aefef2f.jpg

ကနဦးအစက သူဟာ သွေးအေးတွားသွား သတ္တဝါ အမျိုးအစား ၁၂ကောင်ကို ဝယ်ပေမယ့် ယခုလက်ရှိမှာ ၄၈ ကောင်နီးပါးရှိနေပြီ ဖြစ်ပါတယ်။ သူပိုင်သမျှအကောင်တွေ အကုန်လုံးကို Gatumba ရှိသူရဲ့ အိမ်တွင်ထားရှိတာပါတယ်။ သူရဲ့ ကိုယ်ပိုင်ပန်းခြံထဲတွင် ထားရှိတာဖြစ်ပြီး သူကိုယ်တိုင်ပဲ အစာကျွေး မွေးမြူးထားပါတယ်။

သတင်း အရင်းအမြစ်The Guardian

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T