မိမိတစ်သက်လုံးကို ခွေးတစ်ကောင်လိုပဲ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့လူသား

//s9.kh1.co/ba/ba2add3605474f60f059fd1f738aad05e1bf5084.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုအအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အမျိုးသား တစ်ယောက်ဟာ အိမ်မွေးခွေး ဝတ်စုံကို ဝတ်ပြီး တကယ့်ခွေးလေးတွေနေတဲ့ အတိုင်းနေနေတာပဲ ဖြစ်ပါတယ်။ ဒီလို ထူးထူးဆန်းဆန်း ပြုမှုနေထိုင်တဲ့ အမျိုးသားရဲ့ နာမည်ကတော့ တွမ်ပီတာ ဖြစ်ပြီး အသက် ၃၂ နှစ်ရှိပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=337,q=100/09/0969022b2cd989fa440bf278d26e9b9cf47e5547.jpg
https://s9.kh1.co/__image/w=600,h=404,q=100/c0/c05fef461e960b04ff88c48a9e846bb6317b722b.jpg

ပီတာ ဟာ အိမ်မွေးခွေးလေးတွေနေတဲ့အတိုင်း လှောင်အိမ်ထဲမှာပဲနေပြီး အစာစားတဲ့အခါမှာလည်း ခွေးလေးတွေစားတဲ့ ပန်းကန်လုံးနဲ့ပဲ စားပါတယ်။ လမ်းလျှောက်တာတောင်မှ ခွေးလေးတွေ လမ်းလျှောက်သလို လေးဘက်ထောက်ပြီးပဲ သွားတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလို နေရတာကို သဘောကျနေပီး ရှက်ရွှံ့ခြင်းမျိုးလည်း မဖြစ်မိဘူးလို့ သိရပါတယ်။

https://s9.kh1.co/__image/w=600,h=728,q=100/3c/3c25a58336b71d35474fb3d2f7e75f95578f24f9.jpg
https://s9.kh1.co/__image/w=600,h=315,q=100/4e/4e116d76a03a0fe6cb75aa2bde9d243b2d96b319.jpg

သူ့ရဲ့ ချစ်သူကတော့ ပီတာရဲ့ နေထိုင်ပုံကိုကြည့်ပြီး အနည်းငယ်တော့ စိတ်ပျက်မိခဲ့ပါတယ်။ သူမအနေနဲ့ကတော့ တခြားဝါသနာပါတာမျိုးရှိရင် သိပ်ကောင်းမှာပဲလို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟထားပါတယ်။ ဒါပေမယ့် ပီတာ ကတော့ အခုလိုနေထိုင်မှုပုံစံကို စွန့်လွှတ်မှာ မဟုတ်ပဲ တစ်သက်လုံးဒီလိုမျိုးပဲ နေထိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ပြောကြားထားပါတယ်။ သူဟာကမ္ဘာမှာ တစ်ယောက်ထဲသော ခွေးလူသားမဟုတ်ပဲ သူနဲ့အလားတူ တခြားလူတွေလည်း ရှိပါသေးတယ်။

https://s9.kh1.co/__image/w=600,h=360,q=100/53/53fa7cffa338480ac5df52442d22c0af4dbc3225.jpg

သတင်း အရင်းအမြစ်Noone care

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T