ထိုင်းနိုင်ငံ စမုပရာကန်ခရိုင်အတွင်းမှာ လူနေအိမ်အများအပြား ပျက်စီးသွားခဲ့ရတဲ့အထိ အဆိုးဝါးဆုံး လေဆင်နှာမောင်း တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်

//s9.kh1.co/ff/ff4aa9624a5d953e62e82eec150a00c8403ecb1b.jpg
နေ့စဉ်သတင်းများ

 ၀၆-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

ယခုနှစ်ကာလအတွင်း ထိုင်းနိုင်ငံမှာ နိုင်ငံရေးအခြေအနေတွေ ဖြစ်ပေါ်နေတဲ့အပြင် သဘာဝဘေးအန္တရယ်ကိုလည်း ဆိုးရွားစွာ ခံစားနေရတာတွေ့ရပါတယ်။ ရေကြီးရေလျှံမှု၊ လေပြင်းများတိုက်ခိုက်မှုတွေအပြင် မြေပြိုကျမှုတွေပါ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၃) ရက်ကစတင်တဲ့ တိန့်မူအမည်ရှိ မုန်တိုင်းဝင်ရောက်မှုမှာလည်း ခရိုင်ပေါင်း (၁၄) ခုမှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေကြောင့် တချို့နေရာတွေမှာ ရေထိန်းလမ်းများ ကျိုးပေါက်ခြင်း ၊ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်း နှင့် ဒေသထွက် စိုက်ပျိုးရေးလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒါအပြင် တချို့ပြည်နယ်တွေမှာဆိုရင် လေပြင်းများတိုက်ခိုက်မှုကြောင့် နှစ်ရှည်သစ်ပင်ကြီးများ ပြိုလဲကျပြီး လူနေအိမ်တော်တော်များများလည်း ပျက်စီးခဲ့တာရှိပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

အောက်တိုဘာ (၄) ရက်နေ့ကလည်း ထိုင်းနိုင်ငံ စမုပရာကန်ခရိုင်၊ စူစဝပ် (၇၆) လမ်းမှာ လေဆင်နှာမောင်း တိုက်ခိုက်ခဲ့တယ်လို့ ကြားသိရပါတယ်။ ယင်းဖြစ်စဥ်မှာလည်းအိမ်ပေါင်း (၅၀) ကျော်နဲ့ စိုက်ပျိုးထားတဲ့ သစ်ပင်တွေ များစွာပြိုလဲသွားတယ်လို့ သိရပါတယ်။ လေဆင်နှာမောင်း တိုက်ခိုက်ခဲ့တဲဲ့အချိန် ပြည်သူတစ်ဦး ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကလည်း ထိုင်းပြည်သူတွေကြားမှာ တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။ ဒီရုပ်သံဖိုင်ကို ပရိသတ်တွေလည်း ပြန်လည်ကြည့်ရအောင် ကူယူးဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T