မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး မီဇိုရမ်မှာပြုလုပ်တဲ့ ရန်ပုံငွေဖျော်ဖြေပွဲတွင် ရူပီး (၉) သိန်း ရရှိထား

//s9.kh1.co/4f/4f9c73bf51c44d429895960aa456368a24cbff08.jpg
နေ့စဉ်သတင်းများ

 ၀၆-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဝမ်းသာဖို့ကောင်းလိုက်တာ.. မြန်မာငွေကျပ် သိန်း ၂၃၀ တောင် ရနေပြီ … (အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူတွေနဲ့ မြန်မာနိုင်ငံရှိ ဇိုး (ချင်း) လူမျိုးများအကြား ကိုဗစ်-၁၉ ဒဏ်သင့် ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရန်ပုံငွေရှာတဲ့အနေနဲ့ Zofate Gospel Charity for Myanmar ၊ North America - International Focused ခေါင်းစဉ်ဖြင့် မြောက်အမေရိက နဲ့ နိုင်ငံတကာကို ရန်ပုံငွေကောက်ရန်ရည်ရွယ်ပြီး ကျင်းပခဲ့ကြပါတယ်။  

Photo Credit :  Spring Revolution Sangha Network
Photo Credit : Spring Revolution Sangha Network

 မြန်မာပြည်သူများအတွက် ရည်ရွယ်ပြီး စေတနာ ဓမ္မဂီတာ ရန်ပုံငွေ ဖျော်ဖြေပွဲကို ကျင်းပရာ ရူပီး ၉ သိန်း (မြန်မာငွေ သိန်း၂၃၀ ကျော်) ရရှိထားကြောင်း Glory Mizo Channel မှသိရပါတယ်။

Photo Credit :  Spring Revolution Sangha Network
Photo Credit : Spring Revolution Sangha Network

အဆိုပါပွဲကို ဦးဆောင်ကျင်းပသူ Glory Mizo Channel ပိုင်ရှင် Breakthrough Believer Ministries ခေါင်းဆောင် Dr. Dennis Ramdinmawia က“ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ကို အကြီးအကျယ်တိုက်ခိုက်ခဲ့တယ်။ ပါစတာတစ်ဦးလည်း အသတ်ခံရတဲ့အပြင် လက်စွပ်ကိုလည်း ချွတ်ယူခဲ့ကြတယ်။ ဟားခါးမှာလည်း တိုက်ပွဲတွေကြုံနေကြရတယ်။ ယခုလို တိုက်ပွဲတွေ နေရာအနှံ့အပြားမှာ ဖြစ်နေတဲ့အချိန်မှာဘဲ ကိုဗစ်-၁၉ ရောဂါကလည်း တိုးလာတယ်။

ဇိုး (ချင်း) မျိုးနွယ်စု အများအပြားရှိနေတဲ့ တာဟန်းဒေသမှာဆိုရင်လည်း အောက်စီဂျင်မလုံလောက်မှုတွေ၊ စားနပ်ရိက္ခာပြတ်လတ်မှုတွေ တွေ့ကြုံနေရပါတယ်။ ဒီအရာတွေကို ကျနော်တို့ ကူညီဆောင်ရွက်ခြင်းဟာ ကျနော်တို့ တာဝန်ဖြစ်တယ်”လို့ ရန်ပုံငွေရှာဖွေ ပွဲပြုလုပ်ရခြင်း အကြောင်းရင်းကို ယခုလိုပြောဆိုသွားပါတယ်။

Photo Credit :  Spring Revolution Sangha Network
Photo Credit : Spring Revolution Sangha Network

ရန်ပုံငွေ ဖျော်ဖြေပွဲကို မီဇိုရမ်ပြည်နယ်ရှိ နာမည်ကျော် ဓမ္မသီချင်းအဆိုတော်များနဲ့ နိုင်ငံတကာရောက် ချင်းအဆိုရှင်များမှ မီဇိုး၊ ဟာခါး၊ ဖလမ်း၊ တီးတိန် ဘာသာစကားများဖြင့် သီချင်းများသီဆိုပြီး ပါဝင်အားဖြည့်သီဆိုခဲ့ကြပါတယ်။

Photo Credit :  Spring Revolution Sangha Network
Photo Credit : Spring Revolution Sangha Network
Photo Credit :  Spring Revolution Sangha Network
Photo Credit : Spring Revolution Sangha Network

Zofate Gospel Charity for Myanmar part–1 ရံပုံငွေရှာဖွေပွဲကို ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ ရက်နေ့ညက မီဇိုရမ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့အထိ ရရှိသော ငွေပမာဏမှာ ရူပီး ၄၅ သိန်းကျော်ရှိခဲ့ပါတယ်။

Zofate Gospel Charity for Myanmar part–2 ရံပုံငွေရှာဖွေပွဲကို အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းအထိ ရရှိထားတဲ့ ပမဏမှာ ရူပီး ၉ သိန်းခန့်ရှိနေပြီဖြစ်ကြောင်းနဲ့ အောက်တိုဘ ၁၀ ရက်နေ့အထိ Donation ပေးလှူထည့်သွင်းလို့ရကြောင်းလည်း သိရပါတယ်။ 

Photo Credit :  Spring Revolution Sangha Network
Photo Credit : Spring Revolution Sangha Network

ယခုပွဲမှ ကောက်ခံရရှိမည့် ရန်ပုံငွေများကို ချင်းခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သည့် နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရပါတယ်။

Photo Credit :  Spring Revolution Sangha Network
Photo Credit : Spring Revolution Sangha Network
Photo Credit :  Spring Revolution Sangha Network
Photo Credit : Spring Revolution Sangha Network
Photo Credit :  Spring Revolution Sangha Network
Photo Credit : Spring Revolution Sangha Network

Source: Glory Mizo Channel

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T