ပိုက်တစ်ချောင်းထဲနဲ့ သီချင်းအလန်းစား တစ်ပုဒ်ကို ဖန်းတီးပြခဲ့တဲ့ လူငယ်လေး

//s9.kh1.co/fc/fc6427b04ec2c07f2f11b4d6cb8f9f46f7c578e9.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီလိုပညာရှင်မျိုးတွေရှိတာ အရမ်းကိုမိုက်ပါတယ်။ မိမိ ခန္ဓာကိုယ်ကို အကျိုးရှိရှိအသုံးချတတ်တဲ့သူတွေလို့ဆိုရပါမယ်။ တကယ်တော့ ခန္ဓာကိုယ်ဆိုတာကလည်း အရမ်းကိုထူးဆန်းတဲ့ စက်ကြီးတစ်မျိုးပါပဲ။ အဲ့လို အသုံးချတတ်တဲ့ အမေရိကန်သားလူငယ်လေးတစ်ယောက်ကတော့ ပိုက်လေးတစ်ချောင်းနဲ့ ခွက်တစ်ခွက်ကိုသာအသုံးပြုပြီး အရမ်းမိုက်တဲ့ သီချင်းတစ်ပုဒ်ကိုဖန်တီးပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=1067,q=100/28/28e611f873435f33a53a3c00bb60b5ab1f3fed46.jpg

ပါကာကိန်း လို့ခေါ်တဲ့ လူငယ်လေးဟာ အမေရိကန် Rexburg မှာရှိတဲ့ စားသောက်ဆိုင်လေးတစ်ခုမှာ ရုတ်တရက်တင်ဆက်ပြသခဲ့တာကို သူနဲ့အတူပါလာတဲ့ဧည့်သည်က ရိုက်ထားတဲ့ video လေးဖြစ်ပါတယ်။ ကံဆိုးတာတစ်ခုက video ရိုက်တဲ့သူဟာ ပါကာ စတင်ဖျော်ဖြေကတည်းက video မရိုက်လိုက်မိတာပါပဲ။ video ရိုက်မိလိုက်တဲ့ အပိုင်းမှာတောင်အရမ်းကို မိုက်နေခဲ့ပါတယ်။ ရင်ဘက်အတွင်းထဲက လေနဲ့ လည်ချောင်းထဲက လေကို အသုံးပြုပြီးတော့ beatboxing လုပ်ပြခဲ့တာဖြစ်ပြီး မသိရင် တကယ့် သီချင်းဖွင့်ထားတဲ့အတိုင်း မြူးကြွလွန်းလှပါတယ်။

https://s9.kh1.co/__image/w=600,h=1067,q=100/02/02f93791f4722b1b77a4f4f4803051399283ed73.jpg
https://s9.kh1.co/__image/w=600,h=1084,q=100/93/939d6aeb8d0c792bbf1cb45e64fc82574cbe13a6.jpg

ဒီလို သီချင်းမျိုးတွေ ဖန်တီးပြတတ်ကြတဲ့ beatboxer တွေအများကြီးရှိပေမယ့် အဲ့ဒီ beatboxer သမားတွေသီဆိုဖို့ ခက်ခဲတဲ့ Dubstep သီချင်းအမျိုးအစားကို ပိုက်လေးတစ်ချောင်း ခွက်လေးတစ်ခွက်ကိုသာ အသုံးပြုပြီးတော့ ဖန်တီးပြခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယိုလေးဟာ Youtube ကနေတစ်ဆင့် အရမ်းကိုနာမည်ကြီးလာခဲ့ပါတယ်။ သူဟာ ဟိုးငယ်ငယ်ကတည်းက သူ့အစ်မဖြစ်သူ ဟေးလေးနဲ့ သီချင်းတွေကို အတူတူဖန်တီးခဲ့တာပါလို့လည်း Youtube video တစ်ခုမှာပြောပြထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T