ကယ်လီဖိုးနီးယားပြည်နယ် Huntington ကမ်းခြေမှာ မတော်တဆ ရေနံယိုဖိတ်ခဲ့လို့ အရေးပေါ် ရှင်းလင်း ဖယ်ရှားရန်ကြိုးပမ်းနေ

//s9.kh1.co/e5/e5cf36a5a4a4949742f203aa2822d4ae03b51e47.jpg
နေ့စဉ်သတင်းများ

 ၀၆-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ကယ်လီဖိုးနီးယားပြည်နယ် Orange ကောင်တီ၊ Huntington ကမ်းခြေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေအောက်ရေနံပိုက်လိုင်းတစ်ခုမှ မတော်တဆ ပစိဖိတ်သမုဒ္ဒရာထဲသို့ ယိုဖိတ်မှုဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ ပစိဖိတ်သမုဒ္ဒရာထဲသို့ ယိုဖိတ်နေတဲ့ ရေပေါ်မှ ဆီများကို ခပ်ထုတ်ရန် ၊ အခြားသို့ မပြန့်အောင် ဘောင်ခတ်ရန်နှင့် ရှင်းလင်းဖယ်ရှားရန်ကြိုးပမ်းတဲ့ အရေးပေါ်တုံ့ပြန်မှုကို ကနဦးကြိုးပမ်းဆောင်ရွက်နေကြောင်း သိရပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

ရေနံယိုစိမ့်မှုဟာ ၎င်းဒေသရှိ သဘာဝပတ်ဝန်းကျင်နှင့် ရေနေသတ္တဝါများအပေါ် သက်ရောက်မှုရှိပြီး ဆက်လက်ခြိမ်းခြောက်လျက်ရှိကြောင်း သိရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom က Huntington ကမ်းခြေမှာ ကြီးမားသောရေနံယိုဖိတ်မှုအား အရေးပေါ်တုံ့ပြန်မှု ပံ့ပိုးရန် ကယ်လီဖိုးနီယားတောင်ပိုင်း Orange ကောင်တီတွင် အောက်တိုဘာ (၄) ရက်ညက အရေးပေါ်အခြေအနေကြေညာခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

ပြည်နယ်အေဂျင်စီများအား သန့်ရှင်းရေးဆောင်ရွက်မှုကို ချက်ချင်း အလျင်အမြန်ဆောင်ရွက်ရန်နှင့် ရေနံယိုဖိတ်မှုကြောင့် သက်ရောက်မှုများ လျော့ပါးရေးလုပ်ဆောင်ရန် Newsom က တိုက်ရိုက် ညွှန်ကြားထားကြောင်း ပြောကြားခဲပါတယ်။ မတော်တဆ ရေနံယိုဖိတ်မှုကြောင့် သမုဒ္ဒရာထဲသို့ ရေနံစိမ်း (၁၄၄,၀၀၀) ဂါလံ (၅၄၅,၀၉၉ လီတာခန့်) ယိုဖိတ်ခဲ့နိုင်ဖွယ်ရှိသည်ဟု အောက်တိုဘာ (၂) ရက်က ထုတ်ပြန်တဲ့ ပထမဆုံးအစီရင်ခံစာတွေမှာ ပါရှိကြောင်းဆိုပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

သတင်း အရင်းအမြစ်Source - CGTN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T