အမေရိကန်မူလတန်းကျောင်းတွေမှာ ပြင်းပြင်းထန်ထန်တားမြစ်လိုက်တဲ့ Squid Game

//s9.kh1.co/eb/eb741058b401c89afbb6e6d9cc8fc65865d06051.jpg
နေ့စဉ်သတင်းများ

 ၀၆-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဘယ်လောက်တောင်စွဲလမ်းနေကြလို့ တားမြစ်လိုက်ရလဲ မသိဘူးနော်...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ခုရက်ပိုင်းအတွင်း ပရိတ်သတ်တွေကြား ရေပန်းစား ခေတ်စားနေတဲ့ Squid Game ဇာတ်လမ်းလေးအကြောင်း အားလုံးသိကြမယ်ထင်ပါတယ်။ဒီဇာတ်ကားကို တောင်ကိုးရီးယားနိုင်ငံမှာရိုက်ကူးခဲ့တာဖြစ်ပြီး စစပြသချင်းမှာပဲ Rating အရမ်းကိုကောင်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ခန္ဓာကိုယ်ကို အသုံးပြုပြီး အနိုင်ရရှိသူက ဒေါ်လာသန်း(၄၀) ရရှိအောင်ကြိုးစားရတဲ့ Survival Game ကို ယှဥ်ပြိုင်ကစားရတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

Photo Credit From Squid Game
Photo Credit From Squid Game

ဒီကနေ့ အမေရိကန်ကျောင်းတွေမှာ ကလေးတွေက ကစားချိန် မှာ Red Light Green Light လို့ ရွတ်ပြီး ပုံမှန်မဟုတ်တဲ့ ကစားနည်းကို ကစားတာကို ဆရာမတွေ သတိထားမိရာကနေ ကျောင်းအုပ်ကြီးမှတဆင့် မိဘတွေကို သတိပေးစာပို့ခဲ့ပါတယ်။ Squid Gameထဲမှာ Red Light Green Light ဆိုတာ ငယ်ငယ်တုန်းက ကစားတဲ့ L.O.N.D.O.N ကစားနည်းနဲ့ ဆင်တူပါတယ်။ အရှေ့ကနေ Green Light လို့အော်တာနဲ့ နောက်ကလူအုပ်ကြီးက အော်တဲ့သူရှိရာကို လာလို့ရပြီး Red Light ဆိုတာနဲ့ လှုပ်ရှားနေတာ ချက်ချင်းရပ်ရမှာပါ။ မဟုတ်ရင် သေနတ်နဲ့အပစ်ခံပြီး သေပွဲဝင်ရမှာဖြစ်ပါတယ်။

Photo Credit From Squid Game
Photo Credit From Squid Game

Squid Game ဇာတ်လမ်းတွဲဟာ ဝင်ဆော့ကစသူတွေရဲ့ လောဘတွေ၊သွေးသံရဲရဲ နဲ့ အပြစ်ပေးခံရပုံ အစရှိတာတွေများစွာပါဝင်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ Squid Game ဇာတ်လမ်းတွဲကို ကလေးတွေနဲ့အတူ မကြည့်ရှူသင့်ကြောင်း၊ အရာရာကို စူးစမ်းစိတ်နဲ့ သင်ယူနေတဲ့ ကလေးတွေရဲ့ စိတ်ကို ဆိုးကျိုးသက်ရောက်နိုင်ကြောင်းကို အမေရိကန်မူလတန်းနဲ့ အလယ်တန်းကျောင်းတွေ တစ်ပြိုင်နက် သတိပေးစာထုတ်ခဲ့ပါတယ်။

Photo Credit From Squid Game
Photo Credit From Squid Game
Photo Credit From Squid Game
Photo Credit From Squid Game
Photo Credit From Squid Game
Photo Credit From Squid Game
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T