ဝက်ဝံများအား တစ်ပတ်လျှင်ကြက်ဥ အလုံး ၁၈၀ ကျွေးခဲ့သောအမျိုးသမီး ဒဏ်ရိုက်ခံရ

//s9.kh1.co/56/56acb9107ad2a33bb1ece87ae012b09c8adf138b.jpg
ဗဟုသုတအဖြာဖြာ

 ၀၆-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဝက်ဝံများအား တစ်ပတ်လျှင်ကြက်ဥ အလုံး ၁၈၀ ကျွေးခဲ့သောအမျိုးသမီး ဒဏ်ရိုက်ခံရ

Whistler မှအမျိုးသမီးတစ်ယောက်သည် ဝက်ဝံများကိုအစာကျွေးရာမှ ဗြိတိသျှကိုလံဘီယာရှိ တောရိုင်းတိရိစ္ဆာန်အက်ဥပဒေကိုချိုးဖောက်မှုဖြစ်ပွားခဲ့ပြီး ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၆ သောင်းပေးဆောင်ဖို့ဒဏ်ရိုက်ခံခဲ့ရပါတယ်။

Photo - Google 
Photo - Google 

သားရဲနှင့် တောရိုင်းတိရစ္ဆာန်ပဋိပက္ခကာကွယ်မှုကို အဓိကထားသော လူထုလုံခြုံရေးအေဂျင်စီထံ အမျိုးသမီး တစ်ယောက် ဝက်ဝံမဲတွေကို အစာကျွေးခဲ့ကြောင်း တိုင်ကြားစာတစ်စောင် ရရှိခဲ့တာကနေအစပြုခဲ့တာပါ။

Photo - Google 
Photo - Google 

သက်ဆိုင်ရာအရာရှိများမှစုံစမ်းစစ်ဆေးရာ အဆိုပါအမျိုးသမီးသည်း ၂၀၁၈ ခုနှစ် နွေရာသီတုန်းက ဝက်ဝံမဲတွေကို အစာကျွေးခဲ့ကြောင်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ အပတ်စဉ်တိုင်း အဆိုပါအမျိုးသမီး ဝက်ဝံမဲတွေကိုအစာကျွေးခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

Photo - Google 
Photo - Google 

ပန်းသီး ၁၀ ထုပ်၊ မုန်လာဥ ၅၀ ပေါင်နှင့်ကြက်ဥ ၁၅ ဒါဇင်အထိများပြားလာလှသောအစာများကို  ဝက်ဝံများအားကျွေးမွေးရန် ဝယ်ယူခဲ့ကြောင်းထိန်းသိမ်းရေးအရာရှိကသောကြာနေ့မှာ ပြောကြားခဲ့ပါတယ် ဒီလုပ်ဆောင်ချက်တွေက ဝက်ဝံရိုင်းတွေ လူသားတွေအပေါ် အန္တရာယ် ပြုနိုင်လာစေတဲ့ အရဲစွန့်လွန်းရာကျတဲ့လုပ်ရပ်ဖြစ်ကြောင်းကိုလည်းပြောခဲ့ပါတယ်။

Photo - Google 
Photo - Google 

၂၀၁၈ ခုနှစ်စက်တင်ဘာလမှာလည်း တောရိုင်းတိရစ္ဆာန်အရာရှိတွေက လူနေရပ်ကွက်ကို လာရောက်လည်ပတ်ကြတဲ့ ဝက်ဝံသုံးကောင်ကိုပစ်သတ်ခဲ့ဖူးပါတယ်။ ဝက်ဝံရိုင်းတွေက လူတွေရဲ့ ပစ္စည်းဥစ္စာတွေဖျက်ဆီးပြီး လူလည်းလုံးဝ မကြောက်ဘူးလို့အရာရှိတွေကပြောပါတယ်။အကြောင်းအရင်းမှာ အဆိုပါအမျိုးသမီးက အပတ်တိုင်းအစာကျွေးနေသောကြောင့် ဖြစ်တယ်လို့သိရပါတယ်။

Photo - Google 
Photo - Google 

“ဝက်ဝံကဲ့သို့သောတောရိုင်းတိရစ္ဆာန်များနှင့် ရင်းနှီးစေရန် တရားမဝင်အစာကျွေးခြင်း (သို့) ရင်းနှီးအောင်လုပ်ခြင်းသည် အလွန်အန္တရာယ်များသောလုပ်ဆောင်ချက်တစ်ခုဖြစ်သည်” ဟုထိန်းသိမ်းရေးအရာရှိ ဝန်ထမ်း Simon Gravel က Facebook တွင်ပြောကြားခဲ့သည်။ “ဝက်ဝံများသည်လူသားများအား အစားအစာကြောင့် ပေါင်းသင်းရန်သင်ယူနိုင်လိုက်သည်နှင့်တစ်ပြိုင်တည်း လူထုဘေးအန္တရာယ်တွေဖြစ်စေနိုင်ကြောင်း” ဆိုထားပါတယ်။

Photo - Google 
Photo - Google 

ဒေါ်လာ ၆၀၀၀၀ ပြစ်ဒဏ်သည်တောရိုင်းတိရစ္ဆာန်ဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည်ဟုတာဝန်ရှိသူများကပြောသည်။ အာဏာပိုင်များကတော့ အဆိုပါဖြစ်စဉ်ကို “ ကြိုတင်ချမှတ်သောအမှုဖြစ်ဖို့” ဟုမျှော်လင့်ထားကြပါတယ်။

Photo - Google 
Photo - Google 
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T