မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် စစ်ဘေးရှောင်စခန်းက ချင်းအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

//s9.kh1.co/4a/4ad193768533b69cf156fe9f82d220274c66f8e9.jpg
နေ့စဉ်သတင်းများ

 ၀၅-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

သနားပါတယ်.. ဘယ်လောက်တောင် စိတ်ဓာတ်တွေ ကျနေလဲ မသိဘူးနော် .. (အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်း(Champhai) မြို့၊ စစ်ဘေးရှောင်များ ခိုလှုံရာစခန်း( Holy Cross) တွင် နေထိုင်တဲ့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက မိမိကိုယ်ကို ကြိုးဆွဲချသေးဆုံးခဲ့ကြောင်း သိရပါတယ်။

Photo Credit : Zalen
Photo Credit : Zalen

တွန်းဇံမြို့နယ် (Ronzang ) ကျေးရွာမှ စစ်ဘေးရှောင်လာတဲ့ အသက် ၃၆နှစ်အရွယ် ခန်ဇာကင်မ် (Khen Zam Kim)က အောက်တိုဘာ ၃ရက် ညနေပိုင်းက စိတ်ဓာတ်ကျ/ စိတ်ဖိစီးမှုခေါ် (Depression) ကြောင့် မိမိကိုယ်မိမိ ကြိုးဆွဲချသေးဆုံးခဲ့ကြောင်း ရင်းနှီးသူများထံမှ သိရပါတယ်။

Photo Credit : Zalen
Photo Credit : Zalen

သေဆုံးသူက အရင်တုန်းက လွှဆွဲတဲ့ အလုပ်လုပ်ကိုင်ပြီး ဇနီးနှင့် သားသမီး သုံးယောက်ကျန်ရစ်ခဲ့ပါတယ်။ သူက မီဇိုရမ်သို့ တိမ်းရှောင်လာခဲ့တာ တစ်လလောက်ပဲရှိပြီး အိမ်ထောင်ရေးလည်းအဆင်မပြေကြောင်း သိရပါတယ်။ သူရဲ့ နာရေးကိစ္စကို Zomi Welfare Committee နှင့် Young Mizo Association (Champhai)တို့က ဆောင်ရွက်ပေးခဲ့ကြပါတယ်။

Photo Credit : Zalen
Photo Credit : Zalen
Photo Credit : Zalen
Photo Credit : Zalen

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်က အိန္ဒိယ-မြန်မာနယ်စပ်မှာ တည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး လက်ရှိ ကျန်ဖိုင်းခရိုင်မှာ မြန်မာစစ်ဘေးရှောင် အများဆုံးထွက်ပြေးတိမ်းရှောင်လာသော မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T