လူတိုင်းအထင်ကြီးရလောက်အောင် မှော်လက်တွေကို ပိုင်ဆိုင်ထားတဲ့ Venom ရဲ့ ဗီဒိယိုဖိုင်

//s9.kh1.co/92/9228ac832a8f407e667e629743db7897a1c33545.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပြိုင်ဘက်တွေကတော့ သူ့ကို Venom လို့ခေါ်ကြပြီး အဓိပ္ပါယ်ကတော့ အဆိပ်ပေါ့ဗျာ။ ဒါပေမယ့် သူ့နာမည်အရင်းကတော့ Florian Kohler ပါ။ ပြင်သစ်အရှေ့ပိုင်းဒေသမှာကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်ပြီး Kohler ဟာ အသက်(၁၈) နှစ်ရောက်တဲ့ထိ ဘိလိယက်ကိုမကစားခဲ့ပါဘူး။ ဒါပေမယ့် သူရဲ့ (၁၉) နှစ်မြောက်မွေးနေ့မှာ သူ့မိဘတွေက သူတို့မသုံးတော့တဲ့ ဘိလိယက်ခုံကို သူ့သားကိုမွေးနေ့လက်ဆောင်ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/29/29080a75d7510156df131b646a040cc8982554e0.jpg

ဒီနောက်မှာတော့ Kohler ဟာ အင်တာနက်ကနေ ဘိလိယက်နဲ့ပတ်သတ်တဲ့သင်ခန်းစာတွေကို လေ့လာ အတုခိုး လေ့ကျင့်ခဲ့ပါတယ်။ လက်ဦးဆရာတွေလို့ပြောရမယ့် အင်တာနက်ပေါ်ကဆရာတွေကတော့ Mike Massey နဲ့ Semih Sayginer တို့ပဲဖြစ်ပါတယ်။ ပါရမီပါတယ်လို့ပဲပြောရမလားပဲ အင်တာနက်ပေါ်ကလေ့လာချက်တွေကို လက်တွေ့လေ့ကျင့်ရင်း အရမ်းကိုတိုးတက်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ကိုယ်ပိုင်ကစားကွက်ပုံစံတွေကို တီထွင် လေ့ကျင့်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘောလုံးကို ခုန်အောင်ထောက်ပြီး ထိုးတဲ့နေရာမှာ သူဟာကျွမ်းကျင်အဆင့်ရောက်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/e4/e4499820a3056b442667746f981d00b24d534a06.jpg
https://s9.kh1.co/__image/w=400,h=400,q=100/cd/cd385126b1a39949863ff19c5865aa1c96e48707.jpg

သူ့ရဲ့ကစားကွက်အဆန်းတွေနဲ့ပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့သလို ဆုများလည်းရရှိခဲ့ပါတယ်။ သူ့ရဲ့ ဘိလိယက်ကစားတဲ့ဗီဒီယိုကိုလည်း ရိုက်ပြီးတင်ခဲ့ရာမှာ တစ်ကမ္ဘာလုံးကအရမ်းကို အားပေးခဲ့ကြပါတယ်။ ကမ္ဘာ့ဘိလိယက်ဘုရင်တွေကတော့ Kohler နဲ့ပတ်သတ်ပြီးအရမ်းကိုမျက်ခုံးလှုပ်နေကြပါတယ်။ သူ့ရဲ့ကျွမ်းကျင်တဲ့ ဘိလိယက်ထိုးတဲ့ ပညာကြောင့် သူပြန်လည်အသတ်ခံနိုင်ရလောက်တဲ့အနေအထားမှာရှိပါတယ်။ ဒါပေမယ့်တော်ရုံနဲ့တော့ ဘယ်သူမှသူ့ကိုထိလို့ရမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဂျူဒို အားကစားမှာလည်း ခါးပတ်နက်ရထားတဲ့ ဆရာတစ်ယောက်ဖြစ်နေလို့ပါပဲ။ သူဟာ ဂင်းနစ်စံချိန်နှစ်ခုကိုလည်း တင်ထားသူဖြစ်ပြီး အောက်မှာတော့ Video လေးကိုပါဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/0e/0e24f5a5db1ebb75465bbb19c817e925ef2d7dd5.jpg

သတင်း အရင်းအမြစ်Guinness World Records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T