"ကြောက်မက်ဖွယ်ကောင်းတဲ့ ကမ္ဘာ့ရှေးဟောင်းကျိန်စာများ "

//s9.kh1.co/0c/0c86772bddd7f70ac467f495147576b15de4950e.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

"ကြောက်မက်ဖွယ်ကောင်းတဲ့ ကမ္ဘာ့ရှေးဟောင်းကျိန်စာများ "

ကျိန်စာဆိုတာကတော့ တစ်စုံတစ်ယောက်အပေါ် ဘေးဆိုးအန္တရာယ်ကျရောက်ပါစေဟုတိုင်တည်ထားခြင်း၊တန်ခိုးရှင်အား တိုင်တမ်းခြင်းကြောင့် ကျရောက်သော အန္တရာယ်၊ကျိန်ဆဲခြင်း၊ကျမ်းသစ္စာဆိုခြင်း၊တားမြစ်ခြင်းများ၊ကပ်ဆိုးတွေ ဆိုက်ရောက်ပါစေ၊ငရဲကျပါစေ ဆိုပြီး ဆုတောင်းကျိန်ဆဲမှုမျကို ခေါ်ဆိုပါတယ်။ဆုတောင်းမေတ္တာပို့သခြင်း၊ကျိန်စာတိုက်ခြင်း၊ဆဲ​ရေးခြင်းတို့က လူ့စိတ်ပိုင်းဆိုင်ရာ ယဥ်ကျေးမှု အမွေအနှစ်များလို့လည်းခေါ်ဆိုနိုင်ပါတယ်။လူတွေက အရိုင်းဘဝကနေ အယဥ်ဘဝသို့ တိုးတက်ပြောင်းလဲလာကတည်းက ထိုစိတ်ပိုင်းဆိုင်ရာများပါ ပါဝင်လာပါတယ်။ရှေးကတည်းကနေ ယနေ့အချိန်ထိကို တော်တော်များများက ကျိန်စာတိုက်တာတို့၊ကျိန်ဆဲခြင်းများကို လုပ်ဆောင်လျက်ရှိကြပါတယ်။ကမ္ဘာသမိုင်းအလယ်လောက်ဖြစ်တဲ့ အီဂျစ် သမိုင်း၊မြန်မာ့ရှေးသမိုင်းဖြစ်တဲ့ ပုဂံသမိုင်းမှာဆိုရင် ထိန့်လန့်ဖွယ်ကောင်းတဲ့ ကျိန်စာများကို တွေ့ခဲ့ရတယ်။အဲ့ခေတ်ကာလကဆို လူသားများဟာ ကျိန်စာများကို ယုံကြည်ကြောက်ရွံ့ရိုသေကြပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

ယနေ့ခေတ်မှာတော့ သိပ္ပံပညာထွန်းကားလာပြီး မျက်မှောက်ခေတ်မှာပင် ကျိန်စာများနဲ့ပတ်သက်တဲ့ ဟုတ်နိုင်လောက်သည့် သံသယဖြစ်ဖွယ်များကို ကြုံတွေ့လျက်ရှိသည်။ပထမကမ္ဘာစစ်အပြီးမှာကတည်းက ဗြိတိသျှရှေးဟောင်းသုတေသနအဖွဲ့ဟာ အီဂျစ်ဘုရင် တူတန်ခမန်ရဲ့ ဂူသင်္ချိုင်းအား ရှာဖွေတူးဖော်ခဲ့ပြီး မံမီအလောင်းအား လန်ဒန်ပြတိုက်သို့ ရွှေ့ပြောင်းသယ်ဆောင်ခဲ့ပါတယ်။ဘုရင်တူတန်ခမန်ရဲ့ ဂူသင်္ချိုင်းတံခါးဝမှာတော့ (ထာ၀ရလောကကြီး၌ ငြိမ်းချမ်းစွာ လဲလျောင်း အိပ်စက်နေသော ငါဘုရင်အား နှောက်ယှက်သူတိုင်း မြေ၊ မီး၊ ရေ၊ လေ တို့၏ အန္တရာယ် ကျရောက်၍ အသေဆိုးနှင့် သေစေသော်´)ဟူ၍ ကျိန်စာတိုက်ထားခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ  ရှေးဟောင်း သုတေသန တူးဖော်ရေး အဖွဲ့မှ ပညာရှင် လေးဦးဟာ ဖြစ်နိုင်ဖွယ် ရှားပါးလှသော သေနည်းမျိုးဖြင့် ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ကြရပါတယ်။အဲဒီအချိန်မှာ ရှေးဟောင်းသုတေသနပညာရှင်သေဆုံးမှုဟာ ဘုရင်တူတန်ခမန် ရဲ့ ကျိန်စာကြောင့် သေဆုံးကြတယ်လို့ သံသယရှိလာပါတော့တယ်။

တစ်ဆက်တည်းမှာပဲ အမေရိကန်၊ဝါရှင်နတန်မြို့ စမစ်ဆွန်းနီးယွန်း ပြတိုက်မှာရှိတဲ့ Blue Diamond ကြီးဟာလည်း ကျိန်စာသင့်နေတယ်လို့ ယူဆလာပါတယ်။စိန်ပြာကြီးရာဇဝင်ကတော့ မြန်မာနိုင်ငံ၊ပုဂံမြို့ဟောင်းရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ကိုးကွယ်ထားတဲ့ 'ရာမ သီတာ 'ကျောက်စိမ်းရုပ်တုမှ စိန်ပြာကြီး ဖြစ်တယ်လို့ အဆိုရှိခဲ့ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader

အဲဒီဘုရားကျောင်းကို တည်ဆောက်သူတွေက ရာမ၊သီတာ နတ်များအား ပင့်ဖိတ်ပြီး ကျိန်စာတိုက်ခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။(အချို့ရာဇဝင်များတွင်တော့ စိန် ပြာကြီးဟာ  အာနန္ဒာဘုရားမှာ တည်ရှိပြီး ပြင်သစ်လူမျိုးရတနာကုန်သည်တစ်ယောက်မှ ခိုးယူသွားခဲ့တယ်လို့ ပါရှိပါတယ်)

အဲ့ဒီစိန်ပြာကြီးဟာ ပြင်သစ်ဘုရင် လူဝီ- ၁၆ လက်သို့ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ပြင်သစ်ဘုရင်လက်ထဲမရောက်ခင်မှာပင် တစ်ဆင့်ပြီးတစ်ဆင့် စိန် ပြာကြီးကို ပိုင်ဆိုင်သူအများအပြား အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရပါတယ်။၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ပွားတဲ့အခါမှာတော့ ဘုရင်နဲ့ မိဖုရားတို့ဟာ ပြည်သူလူထုရဲ့ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ စိန် ပြာကြီးရဲ့ ကျိန်စာကြောင့်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။စိန်ပြာကြီးကို နောက်ပိုင်းရုရှား ဇာဘုရင်၊ကိုင်ဇာဘုရင်၊ဆီဇာဘုရင်တို့ထံ လှည့်ပတ်ရောက်ရှိခဲ့ပြီး အားလုံးဟာ ထူးဆန်းဖွယ် မရဏသေခြင်းမျိုးနဲ့ ရင်ဆိုင်သေဆုံးခဲ့ကြရပါတယ်။

ဒါကြောင့်မို့ ကျိန်စာရဲ့နောက်ကွယ်မှာ နာမ်လောက၊ပရလောကမှ ပုဂ္ဂိုလ်များ၊နတ်ဘုရားတန်ခိုးရှင်များ အမှန်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျိနိစာတိုက်ခြင်း၊ကျိန်ဆဲ ခြင်းများဟာ အမှန်တရားကို မျက်ကွယ်ပြုလိုသောသူများ၊သူပိုင်ဆိုင်သော ဥစ္စာ၊သူ့အလှူဒါနတို့အား အခြားလူသတ္တဝါတို့မှ ဖျက်ဆီးခြင်း၊ယူဆောင်သူများ ကြောက်ရွံ့ပြီး ရှောင်ကြဥ်ကြစေရန် စိတ်စေတနာဖြင့် ရွတ်ဆိုကဗျည်းရေးထိုးထားခြင်းများဖြစ်တာကြောင့် ကျိန်စာသင့်စေသော အကြောင်းအရာများကို ဗဟုသုတတစ်ခုအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Orginal uploader
Photo Credit - Orginal uploader
Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T