ပန်းချီကားဆွဲဖို့အတွက်နဲ့ လူတစ်ယောက်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ပန်းချီဆရာ

//s9.kh1.co/88/88729deb885c5aa75ce526e911bbea27ca2532ba.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ခုဖြစ်ရပ်ကတော့ ဗင်နီဇွဲလား နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့ လူသတ်မှုတစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီလူသတ်မှုလေးဟာ ဗင်နီဇွဲလားနိုင်ငံ တစ်နိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။ အဲ့ဒီနိုင်ငံတစ်ခုတင်မဟုတ်ပဲ တခြားနိုင်ငံများကိုပါ တုန်လှုပ်စေခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=793,q=100/0a/0af0ea39d6cb45924724173befb5fe18862f6adc.jpg
https://s9.kh1.co/__image/w=600,h=1024,q=100/b3/b3654afd0405e5237ccd19a34c3589b7d80b4d78.jpg

ဖြစ်ပုံကတော့ ဗင်နီဇွဲလားနိုင်ငံက Luis Alfredo Gonzalez Hernandez လို့ အမည်ရတဲ့ ပန်းချီဆရာတစ်ယောက်ဟာ အမည်မဖော်ပြထားတဲ့ လယ်သမားတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ သတ်ခဲ့ရုံတင်မကပဲ အထစ်ထစ်ပိုင်းကာ စားသုံးခဲ့တဲ့အပြင် ကျန်တဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး ပန်းချီရေးဆွဲခဲ့တယ်လို့လည်း သိရှိရပါတယ်။ လူတွေရဲ့ အနုပညာအမြင်တွေက တခါတလေမှာတော့ အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။

https://s9.kh1.co/__image/w=600,h=1024,q=100/0d/0d8b452c4a822b41d457b00a026b6ac3f99cde26.jpg
https://s9.kh1.co/__image/w=600,h=867,q=100/38/3825bb0670dfa7ff6ead2c0e482e9485a74f5d15.jpg

ဲကံ‌ေကာင်းစွာပဲ သူ့ကို သိပ်မကြာခင်မှာ ရဲတပ်ဖွဲ့ကဖမ်းမိခဲ့ပြီး သူ့ကိုယ်တိုင်လည်း လူသတ်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့် သတ်တယ် ဆိုတာကတော့ အခုအချိန်အထိ ထုတ်မပြောသေးပါဘူး။ ဒီပန်းချီဆရာရဲ့ အိမ်ကို ရှာဖွေစီးနင်းတဲ့အခါမှာ လူခန္ဓာကိုယ် အစိတ်အပိုင်းအပြင် သွေးတွေ၊ အရိုးပြာတွေနဲ့ ဆွဲထားတဲ့ ပန်းချီကားတစ်ချို့ကိုလည်း တွေ့ရပါတယ်။ တချို့လူတွေစကားအရ အဆိုပါအမျိုးသားဟာ စိတ္တဇ ရောဂါကို ခံစားနေရတဲ့ သူလို့လည်း ပြောကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့မှာ ပြစ်မှုထင်ရှားခဲ့တယ်ဆိုပါက တရားဥပဒေက ကြီးလေးတဲ့ အပြစ်ဒဏ် ပေးမှာ အသေအချာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=867,q=100/2f/2f0b2f99aba545081ca78528fdf4d41c047fd4ba.jpg
https://s9.kh1.co/__image/w=634,h=794,q=100/af/af12a1a055d401908623113ca6aa04b9ac0365a7.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T