လူလေး‌ယောက်ပေါင်းမှ အဆင်ပြေပြေ ရေးနိုင်မယ့် ကမ္ဘာ့စံချိန်တင် ဘောပင်ကြီး

//s9.kh1.co/b0/b043656c5b2a6dff11125e0d19d24c126cc3b552.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

အိန္ဒိယဟာ ပရိသတ်ကြီး သိတဲ့အတိုင်း အရာရာကို ကြီးကြီးမားမားတွေပြုလုပ်တက်လေ့ရှိပါတယ်။ ဥပမာ Bollywood ကားတွေကိုကြည့်လိုက်ရင် မင်းသားတွေဟာ Superhero တစ်ယောက်လိုပါပဲ။ ဒါပေမယ့် သူတို့ပုံစံနဲ့ သူတို့ကတော့ ကမ္ဘာကျော်ပါတယ်။ Asia မှာအကောင်းဆုံးမင်းသားနေရာ‌ တော်တော်များများကို Bollywood ကအုပ်စိုးထားတာပါ။

https://s9.kh1.co/__image/w=378,h=498,q=100/ac/acf60457861911d9496f5b24584ba9c40a613785.jpg

ခုဆိုရင်လည်း လူလေးယောက်ပေါင်းပြီး ရေးမှ အဆင်ပြေနိုင်မယ့် ကမ္ဘာ့ အကြီးဆုံး ဘောပင်ကြီးကုိ အိန္ဒိယနိုင်ငံက ကြံကြံဖန်ဖန် ဖန်တီးခဲ့ပါတယ်။ ဒီဘောပင်ကြီးကို အိန္ဒိယနိုင်ငံသား ဆီရင်ဗာဆာဆိုသူက တီထွင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘောပင်ကြီးရဲ့ အရွယ်အစားဟာ ၁၈ပေကျော်ပြီး အလေးချိန်ကတော့ ၈၂ ပေါင် အလေးချိန်ရှိပါတယ်။

https://s9.kh1.co/__image/w=640,h=369,q=100/97/97a14d22f823c637ae74a15b60af981d23cea154.jpg
https://s9.kh1.co/__image/w=650,h=367,q=100/89/89f7bdf8788696ec062a29ec18b52906f135db6b.jpg

အရွယ်အစားကြီးလွန်းလို့ ဟန်ပြအဖြစ်တည်ဆောက်ထားတာပဲလို့ထင်ရင် မှားသွားပါလိမ့်မယ်။ ဒီဘောပင်ကြီးဟာ တကယ်ရေးလို့ရတဲ့ အမျိုးအစား ဖြစ်ပါတယ်။ 2011 ခုနှစ်မှာတော့ ကမ္ဘာ့အကြီးဆုံး ဘောပင်ကြီးအဖြစ် ဂင်းနစ် စံချိန်ဝင်ခဲ့ပါတယ်။ သူ့ရဲ့ စံချိန်ကို ဘယ်သူမှ လိုက်မမှီနိုင်သေးပဲ ယနေ့ချိန်အထိ ကမ္ဘာ့အကြီးဆုံးဘောပင်ကြီးအဖြစ် စံချိန်တင်ထားလျက်ရှိနေပါတယ်။

https://s9.kh1.co/__image/w=400,h=600,q=100/1c/1c54f4e157103f20d2b9d0036586cb04395120c3.jpg
https://s9.kh1.co/__image/w=620,h=327,q=100/03/037806e7909c1fa8d4678f93320166bf944e581d.jpg

သတင်း အရင်းအမြစ်Guinness World Records

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T