လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက တည်ရှိခဲ့တဲ့ တက္ကသိုလ်ကြီး Al-Azhar

//s9.kh1.co/63/6326e55961f609757e63c90047589655dcda5720.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

ကမ္ဘာပေါ်မှာရှေးအကျဆုံးတက္ကသိုလ်တစ်ခုအဖြစ်နာမည်ကြီးတဲ့ Al-Azhar တက္ကသိုလ်ဟာအီဂျစ်နိုင်ငံ ကိုင်ရိုမြိူ့မှာရှိတာဖြစ်ပါတယ်။ AD 972 ခုနှစ်မှာ ဘာသာရေးအဆောက်အအုံဖြစ်တည်ဆောက်ခဲ့ပီး နှစ်အနည်းငယ်ကြာလာတဲ့အခါမှာတော့ ကျောင်းသားနဲ့ဆရာအချို့ဟာသင်ခန်းစာများကိုလေ့ကျင့်ရန်အတွက် အဆိုပါဘုရားကျောင်းထဲစုဝေးလာရာမှ အစပြုလာခဲ့ပါတယ်။ AD 988 အရောက်မှာတော့ ကိုင်ရိုမြို့ကိုအုပ်ချုပ်တဲ့သူတွေဟာ စာသင်ကြားခြင်းကိုမြင့်မြင့်မားမားဖြစ်စေရန်အတွက် ကျောင်းတစ်ကျောင်းတည်ဆောက်ရန်ဆုံးဖြတ်ခဲ့ချိန်မှစပြီး Al-Azhar တက္ကသိုလ်ကြီးကိုတည်ထောင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=401,q=100/f2/f293b4fbe15b7fd5c907e25141b6394210c8df7b.jpg
https://s9.kh1.co/__image/w=650,h=384,q=100/5d/5d2038948ea227e48badc60686125fac1b070e03.jpg

Al-Azhar တက္ကသိုလ်ကြီးမှာ ပထမဆုံးသင်ကြားခဲ့တဲ့ဘာသာရပ်တွေကတော့ ဥပဒေပညာရပ်နှင့် လူမျိုးရေးဆိုင်ရာတို့ပဲဖြစ်ပါတယ်။ သင်ကြားမှုပိုင်းဆိုင်ရာမှာလည်း ကျောင်းသားတွေဟာ ဆရာနဲ့အတူကျက်မှတ်လေ့လာရပါတယ်။သို့သော်လည်း သင်ကြားပီးသမျှကို လွတ်လပ်စွာဆွေးနွေးခြင်းတွေမရှိပါဘူး။ ဒါကြောင့် မကြာခဏ ကျောင်းသားနဲ့ဆရာတွေဟာ ခေါင်းစဉ်တစ်ခုကို အခြေအတင်ငြင်းခုံကြရပီး အဖြေမှန်ဘယ်လိုမှထွက်မလာခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/8d/8dfbd4aa3e24cca74383d4b9ccc1f0eb3616c6f5.jpg
https://s9.kh1.co/__image/w=650,h=432,q=100/8b/8b3811f55ee3fa947919a668d80c8311c18da47a.jpg

နောက်ဆုံးမှာတော့ Al-Azhar တက္ကသိုလ်ကို ကမ္ဘာအနှံ့က ပညာရှင်တွေ ရောက်ရှိလာကာ ကျောင်းသားတွေကိုသင်ကြားပေးပီးသုတေသနတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က Al-Azhar တက္ကသိုလ်ကြီးဟာ ကမ္ဘာပေါ်မှာအရေးပါပြီး နာမည်အကြီးဆုံးဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်စာကြည့်တိုက်အတွင်းမှာ ရှေးအကျဆုံးနှင့် တန်းဖိုးကြီးတဲ့စာအုပ်ပေါင်း နှစ်သိန်းခွဲကျော်ရှိပါတယ်။ ယခုခေတ်မှာတော့ ကမ္ဘာပေါ်တွင် အောက်စဖိုဒ့် နှင့် ဟားဗတ်ကဲ့သို့နာမည်ကြီးတက္ကသိုလ်အများအပြားဟာ Al-Azhar တက္ကသိုလ်ရဲ့ သင်ကြာရေးပုံစံများကိုဆက်လက်ကျင့်သုံးလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/b8/b8b2846cd06ec9150732477c81ae567cffaf7211.jpg

သတင်း အရင်းအမြစ်Britannica

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T