မိမိရဲ့မိဖုရားဖြစ်သူအတွက် အမှတ်တရအဖြစ် တည်ဆောက်ပေးခဲ့တဲ့ အီဂျစ်ဘုရားကျောင်းကြီး

//s9.kh1.co/71/7153f20716fcd57f5ea87fb35bec77fa04b0ba82.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ခုဖော်ပြမှာကတော့ အီဂျစ်နိုင်ငံ တောင်ပိုင်း နျူဘီယာရှိ ဆူဒန်နိုင်ငံ နယ်စပ်နှင့် နီးစပ်ပြီး အဘူဆင်းမ်ဘဲလ်ရွာမှာ တည်ရှိတဲ့ ဧရာမကျောက်တုံး ဘုရားကျောင်းတော်ကြီး နှစ်ခု ဖြစ်ပါတယ်။ နပ်ဆာကန်ရဲ့ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး အီဂျစ်နိုင်ငံ အက်ဆဝမ်မြို့၏ အနောက်တောင်ဘက် ၂၃၀ ကီလိုမီတာ အကွာ (ကားလမ်းဖြင့် ၃၀၀ ကီလိုမီတာ) တွင် တည်ရှိပါတယ်။ ထိုဘုရားကျောင်းတော် အမြွှာ အဆောက်အဦးနှစ်ခုမှာ မူလပထမက တောင်နံရံကို ထွင်းထု ဆောက်လုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/9d/9de5ebac3aafcccfa7a9eabd2a844b4d04ad8e85.jpg
https://s9.kh1.co/__image/w=600,h=336,q=100/7d/7dfaccffc0ad9987e5500fbe5a64c32c816aa92a.jpg

အီဂျစ်နိုင်ငံရဲ့ ၁၉ ခုမြောက် မင်းဆက်ဖြစ်တဲ့ ဖာရိုဘုရင် ရမ်ဆီ ၃ ရဲ့လက်ထက် ဘီစီ ၁၃ ရာစုမှာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကာဒက်ရှ်စစ်ပွဲကို အောင်နိုင်ခြင်းကို အောင်ပွဲခံဆင်နွှဲသည့် အနေနှင့် ဖာရိုဘုရင်မှ သူနဲ့ သူ့ရဲ့ မိဖုရား နက်ဖာတာရီတို့ အတွက် ရေရှည် ကျန်ရစ်စေမည့် အမှတ်တရ အဆောက်အဦး အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ သဲကျောက်များကို ကြီးမားသော အတုံးကြီးများဖြစ်အောင် ဖြတ်တောက်ပြီး မြင့်မားသော ဘုရားကျောင်းကြီးများအဖြစ် တည်ခဲ့ခြင်းဖြစ်ပြီး ဒီအထဲမှာမှ ကျောင်းဆောင်ကြီးတစ်ခုမှာ ၁၈၀-ပေခန့် ကျယ်ဝန်းပြီး အတွင်းပိုင်းတွင် အခန်းပေါင်းများစွာ ပါဝင်ပါတယ်။

https://s9.kh1.co/__image/w=600,h=401,q=100/e0/e03620f363c9948c019ec3b8b509e04ba6741ff1.jpg
https://s9.kh1.co/__image/w=600,h=450,q=100/50/50cacd086d331e4627785be9d416096fddb9b409.jpg

အဆောက်အအုံရဲ့ မျက်နှာစာတွင် ၆၅-ပေခန့်အမြင့်ရှိသော ရှေးဟောင်းအီဂျစ်စစ်သည်တစ်ဦး ထိုင်နေဟန်ပုံ ရုပ်တု၄-ခုကို ထုလုပ်ထား ပြီး ထိုရုပ်တုကြီးများအပေါ်တွင် ရှေးဟောင်းဂရိကြေးစား စစ်သည်ရုပ်တုပုံများကိုပါ ထုလုပ်ပြီး ကမ္ပည်းထိုးထားတာကိုလည်း တွေ့ရပါတယ်။ ၁၉၆၀-ခန့်တွင် နိုင်းမြစ်ကိုပိတ်ပြီး ရေကာတာ ပြုလုပ်လိုက်တာကြောင့် ရုပ်တုကြီးများတည်ရှိရာ နက်ဆာရေကန်၏ ရေမျက်နှာပြင်မှာ မြင့်တက်လာခဲ့ပါတယ်။ ရုပ်တုကြီးများ ရေလွှမ်းမိုးမှုဘေးကို ရင်ဆိုင်လာရတာကြောင့် ပိုမိုမြင့်မားသော ရေလွတ်ရာအရပ်သို့ ရုပ်တုကြီးများကို ဖြတ်တောက် သယ်ဆောင်ပြီး ပြန်လည်ထိန်းသိမ်းထားရတယ်လို့လည်း သိရှိရပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/b3/b30ff93e92fadd507701d5545aedfa5227dc0dcc.jpg
https://s9.kh1.co/__image/w=600,h=314,q=100/22/226d3511b84a79f4bee5d6ea1ffd5d2ab78c0f52.jpg
https://s9.kh1.co/__image/w=600,h=392,q=100/dc/dc55770be79fd2ebd55e98d1467009e7fd0c1605.jpg

သတင်း အရင်းအမြစ်Britannica

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T