အရက်ဖြတ်ပြီးနောက် အိမ်ရိုက်သံများ၊မူလီခေါင်းများကိုမြိုချခဲ့တဲ့ အမျိုးသား

//s9.kh1.co/5d/5d8140e98fb1906c62bf3ba149b75b86eac391e6.jpg
ဗဟုသုတအဖြာဖြာ

 ၀၅-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အရက်ဖြတ်ပြီးနောက် အိမ်ရိုက်သံများ၊မူလီခေါင်းများကိုမြိုချခဲ့တဲ့ အမျိုးသား

လစ်သူယေးနီးယားလူမျိုးအမျိုးသားတစ်ယောက်ဟာအရက်ဖြတ်ပြီးတဲ့နောက်မှာ အချိန်ကာလတစ်လတိုင်တိုင် သတ္တုပစ္စည်းများဖြစ်တဲ့ သံများ၊ဘလိတ်ဓားများ၊သံမူလီများကို မြိုချခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ အစာအိမ်မခံမရပ်နိုင်အောင်နာလာတော့မှ အရေးပေါ်ကားနဲ့ဆေးရုံအမြန်တတ်ခဲ့ရပါတယ်။ ဆရာဝန်များခွဲစိတ်မှုလုပ်ပြီးတဲ့နောက်မှာ ဝမ်းဗိုက်အတွင်းမှ သံမူလီ၊သံများ နှင့် ဓားတွေအများကြီးတွေ့ခဲ့ရတယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/38/38611b1888c47cc72c0822f0c9f11f5974954548.jpg

အစာအိမ်အတွင်းမှ စုစုပေါင်း သတ္တုတန်ချိန် နှစ်ပေါင်တိတိ ခွဲထုတ်ဖယ်ရှားလိုက်ရပြီး ပြိုင်စံရှားဖြစ်စဉ်လို့ဆရာဝန်များကယူဆထားကြပါတယ်။ခွဲစိတ်မှုကြာချိန် ၃ နာရီတိတိဖြစ်ပြီး သံစသေးသေးလေးကအစဖယ်ရှားပစ်လိုက်နိုင်တယ်လို့ ခွဲစိတ်ဆရာဝန် Sarunas Dailedenas ကဆိုပါတယ်။

https://s9.kh1.co/__image/w=259,h=194,q=100/90/905fece3eb18d9b22f025ee73266391ef3a6b728.jfif

အစာအိမ်ထဲကထုတ်လိုက်နိုင်တဲ့ သံတွေရဲ့ပုံထဲမှာ တချို့ဆို ၄ လက်မထိရှည်တဲ့သံကြီးတွေပါလာတာကိုတွေ့ရပါတယ်။ ၄ လက်မထိရှည်တဲ့သံကြီးတွေက အစာအိမ်နံရံကိုသွားစိုက်ပြီးဗိုက်အောင့်လာတာလို့ ဆရာဝန်တွေကယူဆထားကြပါတယ်။ ခွဲစိတ်မှုပြီးသွားတဲ့နောက်မှာတော့ အဆိုပါအမျိုးသားရဲ့အခြေအနေဟာတည်ငြိမ်သွားပြီလို့ ဆေးရုံကပြောရေးဆိုခွင့်ရှိသူများရဲ့ အတည်ပြုချက်အရသိရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T