အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီဆုံးရှုံးမှုများခဲ့တဲ့ Facebook, Instagram နှင့် WhatsApp တို့နာရီပေါင်းများစွာပျက်တောက်မှု

//s9.kh1.co/00/00efba78ec77d5753e53bae1913dcd991677095d.jpg
နေ့စဉ်သတင်းများ

 ၀၅-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီဆုံးရှုံးမှုများခဲ့တဲ့ Facebook, Instagram နှင့် WhatsApp တို့နာရီပေါင်းများစွာပျက်တောက်မှု

ယမန်နေ့ညက Facebook, Instagram နှင့် WhatsApp တို့အားလုံးတစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ပျက်တောက်ခဲ့ပြီ ၆ နာရီကျော်ကြာပြီးနောက်မှာ ပြန်လည်သုံးစွဲလို့ရရှိခဲ့ပါတယ်။

Photo - Google 
Photo - Google 

Facebook အနေနှင့်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်အခုလိုသုံးစွဲသူတွေအဆင်မပြေဖြစ်သွားတဲ့အကြောင်းကို တောင်းပန်ကြောင်း ကို ဆာဗာပျက်တောက်နေစဉ်မှာ Facebook ရဲ့  Chief Technology Officer Mike Schroepfer က Twitter မှာ post တစ်ခုရေးတင်ခဲ့ပါတယ်။သုံးစွဲလို့ပြန်ရပြီးနောက်မှာလည်း Mark Zuckerberg ကိုယ်တိုင် post တစ်ခုရေးတင်ခဲ့ပါတယ်။

Photo - Google 
Photo - Google 

အခုလိုဆာဗာတွင်းပြဿနာတတ်မှုက ကြုံတွေ့ခဲ့ရသမျှထဲမှာ အကြီးဆုံးပြတ်တောက်မှုကြီးဖြစ်ကြောင်း Downdetector ကဆိုထားပါတယ်။

ဘာကြောင့်အခုလို ဆာဗာပျက်တောက် မှုတွေဖြစ်သွားတယ်ဆိုတာကိုတော့ Facebook ဘက်ကအခုအချိန်ထိထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။Whatsapp ဘက်ကတော့နည်းပညာပိုင်းချို့ယွင်းမှုကြောင့်ဖြစ်တယ်လို့ပြောထားပါတယ်။

Photo - Google 
Photo - Google 

ဆာဗာပျက်တောက်ချို့ယွင်းမှု ဖြစ်နေစဉ်မှာ Facebook အသုံးပြုသူတွေမြင်တွေ့ရတဲ့စာသားက “Sorry, something went wrong .We’re working on it and we’ll get it fixed as soon as we can” ဖြစ်ပြီး Domain Name System (DNS) error ဖြစ်တယ်လို့သိရပါတယ်။

အခုလိုနာရီပေါင်း ၆ နာရီကျော်ကြာပျက်တောက်သွားတဲ့ဖြစ်စဉ်ကြောင့် Facebook ရဲ့ စီအီးအို Mark Zuckerberg တစ်ယောက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်လောက်ဆုံးရှုံးသွားခဲ့ပြီး ကမ္ဘာအချမ်းသာဆုံးစာရင်း နံပါတ် ၅ နေရာကနေ ၆ နေရာကိုရောက်ရှိသွားကြောင်းသိရှိရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T