အိမ်သာကျင်းအသစ် တူးရာကနေ မြေပြိုကျပြီးပိမိသွားခဲ့တဲ့ အမျိုးသားတစ်ဦးကို အသက်ရှင်လျက်နဲ့ ကယ်ထုတ်ပေးနိုင်ခဲ့တဲ့ ညောင်ဦးမြို့နယ်က မီးသတ်တပ်ဖွဲ့

//s9.kh1.co/c5/c5c4ef31969865f57b6afce8543dbde73775fdc0.jpg
နေ့စဉ်သတင်းများ

 ၀၄-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့သူတွေထဲမှာ ရှေဆုံးကနေပါဝင်ခဲ့ပါတယ်။ ၎င်းတို့ဟာ မီးသတ်တဲ့လုပ်ငန်းစဥ်တစ်ခုတည်းသာ မဟုတ်ဘဲ ရေကြီးရေလျှံမှုတွေ ၊ မြေပြိုကျမှုစတဲ့နေရာတွေမှာလည်း ရှာဖွေကယ်ဆယ်ရေးတွေကို ကူညီလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ ယနေ့ အောက်တိုဘာ (၄)ရက်နေ့မှာလည်း မီးသတ်တပ်ဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်က မြေပိမိနေတဲ့ လူတစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း ကြားသိရပါတယ်။

PhotoCredit - MFSD
PhotoCredit - MFSD
PhotoCredit - MFSD
PhotoCredit - MFSD

ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်၊ ထီးမင်းယဉ်ရပ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ အိမ်သာကျင်းအသစ်တူးပြီး ပြန်အတက်မှာ မြေသားနံရံအား ပြန်လည်ဆွဲတက်ရာကနေ မြေသားခိုင်မာမှုမရှိတာကြောင့် ပြိုကျခဲ့တာဖြစ်ပါတယ်။ ကံကောင်းတော့ အဆိုပါအမျိုးသားဟာ အိမ်သာကျင်းအတွင်း မျက်နှာသာလွဲပြီး တစ်ကိုယ်လုံး မြေစာများပိမိခဲ့တာဖြစ်ပါတယ်။

PhotoCredit - MFSD
PhotoCredit - MFSD
PhotoCredit - MFSD
PhotoCredit - MFSD

မြေစာပိမိနေတဲ့ အမျိုးသားကို ညောင်ဦးမြို့နယ်နှင့် ပုဂံနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်းကာ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ခက်ခက်ခဲခဲ ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ အိမ်သာကျင်းထဲကနေ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ မီးသတ်တစ်ဖွဲ့ကိုလည်း ပြည်သူတွေက ချီးကျူးဂုဏ်ပြုပေးခဲ့ကြတာ တွေ့ရပါတယ်။

သတင်း အရင်းအမြစ်Source - MFSD

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T