လွတ်မြောက်နယ်မြေရောက် အမှတ်တရပုံရိပ်လေး တင်ပေးလာတဲ့ ပြည်သူ့မင်းသမီး မြနှင်းရည်လွင်

//s9.kh1.co/1a/1aa53eec265c522602e3353c2c77fd43348cf02d.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

မမမြ ဘေးကင်းကျန်းမာပြီး အမြန်ဆုံးပြန်လာနိုင်ပါစေ...... (အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူကတော့ မင်းသမီးချောမြနှင်းရည်လွင်ပဲ ဖြစ်ပါတယ်..။

Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc

မြနှင်းရည်လွင်ကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေနဲ့အတူ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ လမ်းပေါ်ထွက်လှုပ်ရှားမှု တွေမှာ အင်တိုက်အားတိုက်ပါဝင်ကာ အားလုံးနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc

ဒါကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူခံထားရတာဖြစ်ပြီး ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့ နေရာမှာ နေထိုင်နေပြီး တော်လှန်ရေးတိုက်ပွဲတွေအတွက် ကျရာအခန်းကဏ္ဍကနေ ပါဝင်ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit : Mya Hnin Yee Lwin’s FB Story
Photo Credit : Mya Hnin Yee Lwin’s FB Story

မကြာသေးခင် ကလည်း မြနှင်းရည်လွင် ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်းနဲ့ အပြောင်းအလဲဖြစ်အောင် လွတ်မြောက်နယ်မြေရောက် သူမရဲ့ ပုံလေး တစ်ပုံကို တင်ထားတာ ဖြစ်ပါတယ်။

Photo Credit : Original Uploader
Photo Credit : Original Uploader
Photo Credit :  Original Uploader
Photo Credit : Original Uploader

မြနှင်းရည်လွင် ဟာ ပြည်သူ့အစိုးရ NUG မှ ထုတ်လွှင့်မယ့် Radio အစီအစဉ်များတွင်လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေတာ ဖြစ်ပါတယ်။ဒါ့အပြင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပြည်ထဲရေးနဲ့လူဝင်မှု ကြီးကြပ်ရေးဝန် ကြီးဌာန Facebook Page မှာလည်း အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit : Mya Hnin Yee Lwin’s FB Acc
Photo Credit : Mya Hnin Yee Lwin’s FB Acc

​ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ယုံချက်ကြည်တွေနဲ့ အနာဂတ်တွေအတွက် တော်လှန်ရေးတိုက်ပွဲ ကြီး မှာ ကြိုးစားပါ ဝင်နေတဲ့ မြနှင်းရည် လွင် ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ထားတွေကို ပရိသတ်တွေ အားလုံးကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။

Source : Mya Hnin Yee Lwin’s FB Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T