ကလေးလေးတွေနဲ့ ဆရာမလေးတို့ အပြန်အလှန်နှုတ်ဆက်နေတာ။

//s9.kh1.co/20/20514df73a15ef1871dd7b2385da0ad617b947e9.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကလေးလေးတွေနဲ့ ဆရာမလေးတို့ အပြန်အလှန်နှုတ်ဆက်နေတာ။

ကိုယ်တွေ စာသင်ခဲ့ရတဲ့ အချိန်တစ်လျှောက်လုံးမှာ လူတိုင်းက ငယ်ဘဝကို သတိရနေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ငယ်ရွယ်စဥ်ကလေးဘဝတုန်းက စာသင်လိုက်၊မုန့်စားလိုက်၊သူငယ်ချင်းတွေနဲ့ ကစားလိုက်နဲ့ တော်တော်လေးကို ပျော်စရာကောင်းတာတော့ အမှန်ပါ။

ဒီ Video ထဲမှာဆိုရင် ဆရာမနဲ့ ကလေးလေးတွေ စာသင်ခန်းထဲမဝင်ခင် အချင်းချင်းနှုတ်ဆက်နေကြတဲ့ Video File လေးဖြစ်ပါတယ်။

Photo credit -Success Insider
Photo credit -Success Insider
photo credit - Success Insider
photo credit - Success Insider
photo credit - Success Insider
photo credit - Success Insider

စာသင်ခန်းရဲ့တံခါးဘေးမှာ ကပ်ထားတဲ့ ရုပ်ပုံကားချပ်ရှိပါတယ်။ကလေးလေးတွေက သူတို့ကြိုက်တဲ့ ရုပ်ပုံတစ်ခုကို အရင်ရွေးလိုက်ရပါတယ်။သူရွေးလိုက်တဲ့ ရုပ်ပုံက အသည်းပုံလေးဆိုရင် ဆရာမနဲ့သူက အချင်းချင်းပွေ့ဖက်ပြီး နှုတ်ဆက်ကြပါတယ်။

ကတဲ့အမူအယာပုံလေးကို ရွေးတယ်ဆိုရင်လည်း ဆရာမနဲ့ ကလေးလေးတို့ အချင်းချင်းကပြီး နှုတ်ဆက်ကြပါတယ်။လက်ဆွဲနှုတ်ဆက်တဲ့ ရုပ်ပုံကိုရွေးလိုက်တယ်ဆိုရင်လည်း ကလေးလေးနဲ့ ဆရာမလေးတို့ အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြပါတယ်။လက်ငါးချောင်းပုံလေးကို ရွေးတဲ့ကလေးလေးတွေဆိုရင် ဆရာမနဲ့ကလေးလေးတို့ လက်ဖဝါးချင်း ရိုက်ကြပါတယ်။Fighting လုပ်တဲ့ ရုပ်ပုံကားချပ်လေးကို ရွေးလိုက်တယ်ဆိုရင်လည်း ဆရာမလေးနဲ့သူတို့အချင်းချင်း fighting လုပ်ကြပါတယ်။

photo credit - Success Insider
photo credit - Success Insider

ဒီ Video လေးကိုကြည့်ရတာ တော်တော်လေးကို ကြည်နူးဖို့ကောင်းပြီးတော့ ကလေးလေးတွေနဲ့ဆရာမရဲ့ သံယောဇဥ်တွေ၊ခင်မင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Success Insider

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T