နွေဦးရန်ပုံငွေအတွက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ (၃၄၀၀၀၀) ရရှိခဲ့ အဆိုတော်ဆောင်းဦးလှိုင်

//s9.kh1.co/8a/8a9a436257f0af6cc7c042937492bca4d6cf6d96.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဝမ်းသာပီတီဖြစ်ရပါတယ်အစ်ကိုရေ....

အဆိုတော် ဆောင်းဦးလှိုင်ကတော့ သီချင်းကောင်းတွေကို ပရိသတ်ရင်ထဲရောက်အောင် သီဆိုနိုင်သူတစ်ယောက်ပါ။ ဆောင်းဦးလှိုင်ဟာ လတ်တလောမှာတော့ ပြည်ပမှာ နေထိုင်နေပြီး ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့အတူ ဂီတလှုပ်ရှားမှုတွေ ဆက်လက်ပြီးတော့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။  သူဟာ ဆေးပညာဘွဲ့ရတစ်ဦးလည်း ဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်ရေးသားပြီး ကိုယ်တိုင်သီဆိုခဲ့တဲ့ တကိုယ်တော်တေးအယ်လ်ဘမ်ပေါင်း ၁၀ ချပ်ထက်မနည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ 

Photo Credit : Song Oo Hlaing's Facebook Acc
Photo Credit : Song Oo Hlaing's Facebook Acc

လက်ရှိမှာ ဆောင်းဦးလှိုင်က နိုင်ငံခြားမှာရောက်နေပေမယ့် စစ်အာဏာရှင်ကို တော်လှန်တဲ့နွေဦးတော်လှန်ရေးကြီးမှာ တတ်တတ်ကြွကြွ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဒါအပြင် ဆောင်းဦးလှိုင်က မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် တစ်ကိုယ်တော် ဂီတဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံမြို့ကြီး ၇ မြို့မှာ ကျင်းပခဲ့အပြီးမှာ ရန်ပုံငွေအမေရိကန် ဒေါ်လာ ၃၄၀,၀၀၀ ရရှိထားပြီဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွင်ဖော်ပြထားပါတယ်။

Photo Credit : Song Oo Hlaing's Facebook Acc
Photo Credit : Song Oo Hlaing's Facebook Acc

အဆိုတော်ဆောင်းဦးလှိုင်ရဲ့ “နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေခရီးစဉ်”လို့ အမည်ပေးထားတဲ့ တကိုယ်တော်နယ်လှည့်ဖျော်ဖြေပွဲကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၂၈ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး အောက်တိုဘာလအတွင်း မြို့ကြီး (၃) မြို့မှာ ဆက်လက်ဖျော်ဖြေမယ်လို့သိရတယ်။

Photo Credit : Song Oo Hlaing's Facebook Acc
Photo Credit : Song Oo Hlaing's Facebook Acc

“Utica မြို့လေးရဲ့စည်းလုံးမှုနဲ့စေတနာကအံ့မခန်းပါဘဲ။ စေတနာကောင်းလွန်းတဲ့မြို့လေးမှာ  လက်မှတ်စောင်ရေ ၃၀၀ကျော်ရောင်းခဲ့ရတယ်။ ကျနော့်ဂစ်တာတစ်လုံး ၉၅၀၀$ နဲ့လေလံအောင် လှူဒါန်းအပြီး လေလံမအောင်လိုက်တဲ့ နောင်တော်က  $ ၁၀၀၀၀ လှူမယ်ဆိုတော့ လေးစားလွန်းလို့ တီးနေတဲ့ ( ဆက်လက် အသုံးပြုရမယ့် ) ဂစ်တာ ပေးပစ်ခဲ့တယ်။  ကျနော့်Jean waist coat ကိုလည်း စေတနာရှင် ညီမတစ်ယောက်က $၉၀၀၀ လောက်နဲ့ လေလံဆွဲတယ်။ ကျနော့်လက်ထဲလာထည့်တဲ့ Tips & donations   $ ၁၁၆၀၀ အားလုံးပြန်လှူတယ်။  အခြားအခြားသော ပရိသတ်များရဲ့ ဝိုင်းဝန်းမှုနဲ့ စုစုပေါင်း $၆၀၀၀၀ တိတိရအောင် ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ Utica မြို့လေးရဲ့ စည်းလုံးမှုနဲ့စေတနာက အံ့မခန်းပါဘဲ။ ဦးဆောင်ကြသူတွေက အသေချာကို စီစဉ်ကြလိမ့်မယ်၊ တော်လှန်ရေးလူငယ်များ လက်ဝယ်အရောက်ပို့ကြဖို့။ မနက်ဖြန် Albany မြို့မှာ ဘောလုံးကစားပါမယ်။ ရောက်လေရာအရပ်မှာ စိတ်ကောင်းစေတနာကောင်း အလေ့ကျင့်ကောင်းတွေထွန်းကားစေဖို့ ရည်ရွယ်ပါတယ်။ Photo quality မကောင်းလှပေမယ့် စက်တွေကြားမှာ ရုန်းကန်နေတဲ့ ကျနော် မြို့(၇) မြို့အပြီး ရန်ပုံငွေ ၃၄၀၀၀၀$ ရှာနိုင်ခဲ့ပါကြောင်း” သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွင်ဖော်ပြထားပါတယ်။

Photo Credit : Song Oo Hlaing's Facebook Acc
Photo Credit : Song Oo Hlaing's Facebook Acc

အမေရိကန်မြို့ကြီးတွေမှာ ဖျော်ဖြေပွဲတွေအသီးသီးက ရရှိတဲ့ ရန်ပုံငွေတွေကိုတော့ မြန်မာ ပြည်အနယ်နယ်အရပ်ရပ်က လိုအပ်တဲ့ နေရာတွေအသီးသီးကို ပေးပို့လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ (၉) ရက်တွင် ဝါရှင်တန်မြို့၊ အောက်တိုဘာ (၁၇)ရက်တွင် ဆန်ဖရစ္စကို၊ အောက်တိုဘာ (၂၃)ရက်တွင် ဒါလစ်မြို့တွေမှာ ဆက်လက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

Source : Song Oo Hlaing's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T