သင့်အတွက်အကောင်းဆုံးဖြစ်စေတဲ့ ယတြာ၂၅ ခု

//s9.kh1.co/87/871e8dbd8268be5706e0bb34f16a0b2a4617d121.jpeg
ဗဟုသုတအဖြာဖြာ

 ၀၄-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

သင့်အတွက်အကောင်းဆုံးဖြစ်စေတဲ့ ယတြာ၂၅ ခု

ဘဝမှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဖြတ်သန်းနိုင်ဖို့ဆိုတာ တော်တော်လေးကို အရေးကြီးပါတယ်။တစ်ချို့လူတွေက ကိုယ်လုပ်မဲ့အရာတစ်ခုကို အဆင်ပြေဖို့အတွက် ဗေဒင်တွေမေး ယတြာတွေ ချေလေ့ရှိပါတယ်။ဒီတစ်ခေါက်မှာတော့ စာဖတ်သူတို့အတွက် စိတ်ရော ကိုယ်ရော ချမ်းသာစေမဲ့ အကောင်းဆုံး ယတြာ (၂၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Google
Photo Credit - Google

၁။ဝင်ငွေမကောင်းတဲ့အခါမှာ ချွေတာသုံးစွဲဲဲဲခြင်း။

၂။လမ်းခရီးတွေ သွားတဲ့အခါမှာလည်း ဝီရိယထားတာကလည်း အန္တရာယ်ကင်းခြင်း။

၃။ဒေါသကြီးတဲ့သူ၊ရန်လိုနေတဲ့သူနဲ့ ဖက်ပြိုင်ပြီး မငြင်းခြင်း။

၄။ဒေါသထွက်စေတဲ့အကြောင်းအရာ၊ဒေါသထွက်စရာဖြစ်ရပ်တွေကို ကြုံတဲ့အခါ စိတ်ဖြေသာတဲ့နေရာကို ရှောင်ထွက်သွားခြင်း။

၅။စိတ်ကောင်းထားခြင်း၊ရိုးသားမှုရှိခြင်း။

Photo Credit - Google
Photo Credit - Google

၆။မနာလိုဝန်တိုစိတ်ကို မမွေးပဲ ကံကံရဲ့အကျိုးကို လက်ခံနိုင်အောင် ကြိုးစားခြင်း။

၇။မိမိရဲ့အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကိုမွေးမြူခြင်း။

၈။ကံဆိုးချိန်မှာ ရတနာသုံးပါးကို အထူးတလည် ဆည်းကပ်ကိုးကွယ်ခြင်း။

၉။တစ်စုံတစ်ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင်တစ်ဦးအဖြစ် မမေ့ခြင်း။

၁၀။သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျခွဲခြားပြီး တာဝန်ကျေပွန်စွာလုပ်ဆောင်ခြင်း။

Photo Credit _ Google
Photo Credit _ Google

၁၁။ရှေ့နောက်မြော်မြင်တတ်တဲ့ပညာရှိ လူကြီးမိဘတွေရဲ့ ဆိုဆုံးမမှုကို လိုက်နာခြင်း။

၁၂။တတ်နိုင်သလောက်  အနာဂတ်ခရီးအတွက် ပိုက်ဆံစုဆောင်းခြင်း။

၁၃။မရသေးတဲ့ ဥစ္စာကို အပူတပြင်းမတောင်းတ၊မလိုချင်ခြင်း။

၁၄။ဘဝအရေးနိမ့်တဲ့ကာလတွေမှာ စိတ်ဓာတ်ကို ကြံ့ကြံ့ခံနိုင်အောင် သတိထားမွေးမြူခြင်း။

၁၅။စီးပွားဖြစ်တဲ့အခါ အောက်ခြေမလွတ်အောင် သတိတရားနဲ့နေထိုင်ခြင်း။

Photo Credit _ Google
Photo Credit _ Google

၁၆။ငယ်စဥ်အခါ ပညာသင်ချိန်မှာ ပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှုပြီး တစိုက်မက်မက် ကြိုးစားခြင်း။

၁၇။အခွင့်အရေးရှိတာနဲ့လုံ့လဝီရိယကို ရှေ့တန်းတင်ပြီး အမိအရဆုပ်ကိုင်နိုင်ခြင်း။

၁၈။မိမိမှာ သုံးနိုင်တဲ့အခြေအနေရှိရက်နဲ့ စိတ်ကို လွှတ်ပြီး အရမ်းမဲ့မသုံးစွဲပဲ နောင်ရေးအတွက် စုဆောင်းခြင်း။

၁၉။ဘေးဖြစ်စေမဲ့စကား၊ကြမ်းတမ်းတဲ့စကားကို မဆိုခြင်း။

၂၀။သူ့ဘက်ကိုယ့်ဘက်ကို မျှမျှတတကြည့်တတ်ပြီး စဉ်းစားလုပ်ကိုင်ခြင်း။

Photo Credit - Google
Photo Credit - Google

၂၁။မနိုင်တဲ့ဝန်ကို မထမ်းခြင်း။

၂၂။မိမိကိုယ်ကို အမှန်ရှု့ထောင့်ကနေ ဝေဖန်သုံးသပ်ခြင်း။

၂၃။မိမိရဲ့ဒေါသကို အပြင်မထွက်အောင် ထိန်းနိုင်တာကလည်း အစစအရာရာ ပြဿနာနည်းပါးစေခြင်း။

၂၄။ ကျော်ဖြတ်ရတဲ့ဘဝခရီးမှ အမှားများကို ဆင်ခြင်သုံးသပ်နိုင်ပြီး ချက်ချင်းပြင်သွားခြင်း

၂၅။အတိတ်ကိုပြန်တွေးပြီးလဲ မပူဆွေး၊အနာဂတ်အရေးကို လှမ်းမျှော်ပြီးလည်း မပူပန်၊ပစ္စုန်ပန်တည့်တည့်မှာသာ ရပ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင်ခြင်း။

အထက်မှာ ဖော်ပြပေးခဲ့တဲ့ ယတြာ ၂၅ ခုကို လိုက်နာကျင့်သုံးပြီး မိမိရဲ့ဘဝမှာ စိတ်ရောကိုယ်ရော ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T