ပေါက်ကွဲမှု နှစ်ပတ်ခန့် ကြာသွားပေမယ့်လည်း ချော်ရေများ ဆက်လက်စီးကျနေတုန်းဖြစ်တဲ့ စပိန်နိုင်ငံက Cumbre Vieja မီးတောင်

//s9.kh1.co/61/61c366a291028ca9ae2efe158b914a9c47e0c7b0.jpg
နေ့စဉ်သတင်းများ

 ၀၄-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်ရှိ Cumbre Vieja မီးတောင်ပေါက်ကွဲမှုဟာ စတင်ဘာလ (၁၉) ရက်နေ့က ဖြစ်ပွားခဲ့ပြီးနောက် တောင်ရဲ့ အနောက်တောင်ဘက်ခြမ်းရှိ အပေါက် (၉) ပေါက်ကနေ မီးတောင်ချော်ရေများဟာ (၁)နာရီလျှင် မီတာ (၂၀၀) အမြန်နှုန်းဖြင့် ပင်လယ်အတွင်းသို့ လက်ရှိအချိန်ထိ စီးဆင်းနေတုန်း ဖြစ်ပါတယ်။ La Palma မီးတောင်ပေါက်ကွဲမှုဟာ (၂၄) ရက်မှ (၈၄ )အထိ ကြာရှည်နိုင်ကြောင်း ပညာရှင်များ ခန့်မှန်းထားကြပြီး လက်ရှိမှာ နှစ်ပတ်ခန့်ရှိခဲ့ပြီဖြစ်ပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
https://s9.kh1.co/__image/w=600,h=400,q=100/f2/f2efe65578c429ffbc98d5cd781a76f568cd9e01.jpg
Photo Credit - CGTN
Photo Credit - CGTN

မီးတောင်ကနေစီးကျလာတဲ့ ချော်ရေထုမှာ (၁၀) မီတာမှ (၁၂) မီတာအထိရှိပြီး လူနေအဆောက်အဦးအများအပြား ပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် La Palma ကျွန်းပေါ်ရှိ ပြည်သူ (၅၀၀၀) ကျော်လောက်ကိုလည်း ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ လက်ရှိအချိန်ထိ အသက်ဝင်နေဆဲဖြစ်တဲ့ La Palma မီးတောင်ပေါက်ကွဲမှုကို နိုင်ငံတကာကလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

ရွှေ့ပြောင်းသွားတဲ့ ဒေသခံများကိုလည်း ၎င်းတို့ရဲ့နေအိမ်များသို့ ခေတ္တပြန်ပြီး ပိုင်ဆိုင်ပစ္စည်းများအား စုဆောင်းသိမ်းဆည်းရန် ပြီးခဲ့တဲ့ရက်ပိုင်းက ခွင့်ပြုထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြို့ပြလုံခြုံရေး၊ မီးသတ်နှင့် စပိန် စစ်ဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ ယူနစ် အပါအဝင် မြို့ပြကာကွယ်ရေးတပ်ဖွဲ့ဝင် (၈၀၀)လောက်ဟာ ကျွန်းပေါ်နေထိုင်သူများရဲ့ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN
Photo Credit - CGTN

သတင်း အရင်းအမြစ်Source - CGTN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T