ဖုန်းလိုင်းမမိ၊မြန်မာစကားပြောတတ်သူ လက်ချိုးရေလို့ရတဲ့ ရွာကလေး တစ်ခုကိုရောက်ခဲ့ချိန် ထားထက်ထက်ပြောပြခဲ့တဲ့ ဖြစ်ရပ်တစ်ခု။

//s9.kh1.co/7e/7e012d017a41cff193af3d270c25b45674fb2d13.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ဖုန်းလိုင်းမမိ၊မြန်မာစကားပြောတတ်သူ လက်ချိုးရေလို့ရတဲ့ ရွာကလေး တစ်ခုကိုရောက်ခဲ့ချိန် ထားထက်ထက်ပြောပြခဲ့တဲ့ ဖြစ်ရပ်တစ်ခု။

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ထားထက်ထက်ကတော့ အားလုံးလည်း သိကြတဲ့အတိုင်း ​

လွတ်မြောက်နယ်မြေတစ်ခုကိုရောက်ရှိနေတာဖြစ်ပါတယ်။သူမက သူမရဲ့ Facebook စာမျက်နှာကနေ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကို ဝေမျှခဲ့ပါတယ်။

Photo Credit - Htar Htet Htet's Facebook
Photo Credit - Htar Htet Htet's Facebook

"ဖုန်းပြောချင်ရင် အပေါ်ထပ် ဒီအခန်းထောင့်လေးကနေ တက်ပြောရတယ်။ရွာကလဲ အရေးအကြောင်းဆို ဒီနေရာလေး အထိ လာပြောရတာပဲလို့  ဖုန်းလိုင်းမမိ မြန်မာစကားပြောတတ်သူ လက်ချိုးရေလို့ရတဲ့ ရွာကလေး တစ်ခုကို ရောက်ခဲ့ချိန် အိမ်ရှင်အစ်မက ထားထက်ထက်ကို ဖုန်းသုံးဖို့နေရာလေး ညွှန်ပြပြီး ပြောခဲ့တဲ့စကားလေး ဖြစ်တယ်လို့ သူမက ဆိုထားပါတယ်။

photo credit -Htar Htet Htet's Facebook
photo credit -Htar Htet Htet's Facebook

သူမရောက်ရှိတဲ့ရွာလေးမှာ ညစာစားဖို့ ပြင်ဆင်ကြချိန် မြန်မာစကားတတ်တဲ့ ခရစ်ယာန်သင်းအုပ်ဆရာရဲ့အမျိုးသမီးက သူ့ရဲ့အိမ်နီးချင်းဖြစ်တဲ့ ကရင်တိုင်းရင်းသူ အမနဲ့ အတူတူ ထိုင်ရင်း ကျွန်မကို ပြောပြတယ်လို့ ထားထက်ထက်က ရေးသားထားပါတယ်။ဆက်လက်ပြီးတော့ သူ (အိမ်နီးချင်းအမ)က မြန်မာ စကားမပြောတတ်ဘူး။တတ်လဲမတတ်ချင်ဘူး။မသင်ချင်ဘူးတဲ့။ဘာလို့လဲဆိုတော့ သူအသက် ၁၀ နှစ်သမီး လောက်က စစ်ဘေးရှောင်တဲ့ ဒုက္ခတွေကို ကိုယ်တွေ့ကြုံခဲ့ရတယ်။တော်တော်ပင်ပန်းတဲ့ ဒုက္ခဆင်းရဲတွေ ခံစားခဲ့ရတယ်။စစ်ဘေးရှောင် ရတဲ့အချိန်တုန်းက မိသားစုစားဖို့ ရိက္ခာသယ်သွားရတဲ့အခါ ဆန်အိတ်ကို ခေါင်းပေါ်ရွက်လို့ မတ်တပ်အိပ်ရတဲ့အခါတွေတောင် ရှိခဲ့တယ်တဲ့။ဘာလို့အဲလို မတ်တပ်ရပ်အိပ်ရတာလဲဆိုတော့ ဆန်အိပ်ချပြီးနားရင် ပြန်ပြီးမ တင်ဖို့မနိုင်လို့တဲ့။နောက်ပြီးတော့ ရွာပြန်ရောက်တဲ့အခါလဲ နေစရာအိမ်က ပြာကျအောင် မီးတိုက်ခံထားရပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလဲ စိတ်ကြိုက်ယူဆောင်သွားကြသေးတယ်လို့လဲ သူမက ဆိုထားပါတယ်။ဒါတင်မက ဗမာစစ်သားတွေက ကရင် တိုင်းရင်းသားတွေကို ရွာလုံးကျွတ်သတ်ဖြတ်တာတွေ၊သတ်တဲ့အခါမှာလဲ ချက်ချင်းမသတ်ပဲ ရက်ရက်စက်စက် နားရွက်ကိုဖြတ်၊မျက်လုံးတွေဖောက်ထုတ်နဲ့ သတ်တာတွေကို ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းကို သူမရေးသားထားပါတယ်။

Photo Credit - Htar Htet Htet's Facebook
Photo Credit - Htar Htet Htet's Facebook

နောက်ပြီးတော့ ဒါကြောင့်ဗမာတွေဆို သူသိပ်မုန်းတာ။ဗမာစကားကို လုံးဝမတတ်ချင် မပြောချင်ဘူး။မသင်ချင်ဘူး။ဗမာတွေနဲ့ စကားပြောနေရမှာ စိုးလို့ ဆိုပြီးရေးသားထားပါတယ်။

အဲလိုစကားတွေ နားထောင်နေရတဲ့အချိန်မှာ သူ့အနေနဲ့ အင်မတန် စိတ်မကောင်းဖြစ်မိကြောင်းကိုလည်း ဆိုထားပါတယ်။သူ့မျက်နှာ ဘယ်နားထားရမှန်မသိအောင် အားနာပြီး မျက်နှာတွေ ပူနေမိကြောင်းလည်း ဆိုထားပါတယ်။

Photo Credit - Htar Htet Htet's Facebook
Photo Credit - Htar Htet Htet's Facebook

သူက ဆက်လက်ပြီးတော့ အရင်က ဒီလိုနာကြည်းစိတ်တွေရှိတဲ့အမက အခု သူတစ်ခါမှ မမြင်ဖူးတဲ့ ကျွန်မကို မေတ္တာပြဆက်ဆံပေးပြီး ကျွန်မတို့စားဖို့အတွက် ညစာအဖြစ် ကြက်ဥကြော်ပြီး လာပို့ပေးခဲ့ပါတယ်။သူတို့ရဲ့ နွေးထွေးမှု၊သဘောထားကြီးမှု၊ခံစားချက်နဲ့ အိမ်ရှင်ဝတ္တရားခွဲခြားထားနိုင်မှု၊ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို သူကျေးဇူးတင်မိကြောင်း ရေးသားထားပါတယ်။

Photo Credit - Htar Htet Htet's Facebook 
Photo Credit - Htar Htet Htet's Facebook 

သူမက ဆက်လက်၍ သူတို့နေရာလေးကို ဆက်သွယ်ရေး အဆင်ပြေပြီး ဖုန်းလိုင်းမိဖို့ ကျွန်မနိုင်ရာ ဆောင်ရွက်ပါဦးမယ်၊နောက်ပြီးတော့ ဗမာတိုင်းရင်းသားအပါအဝင် အခြားတိုင်းရင်းသား လူမျိုးတိုင်းဟာ အနည်းနဲ့အများသာ ကွာချင်ကွာမယ်။စစ်အာဏာရှင်ကြောင့် ဒုက္ခရောက်ရတာ အတူတူဖြစ်တဲ့အတွက် အခွင့်ရတဲ့တစ်နေ့ကျရင် သူပြန်သွားပြီး ကရင်ဘာသာနဲ့အေးအေးဆေးဆေးစကားပြောဖြစ်ဦးမယ်လို့လည်း သူမက ဆိုထားပါတယ်။

ရှုခင်းတွေက ဓာတ်ပုံရိုက်ဖို့ ရူးချင်စရာကောင်းလောက်အောင် လှပတဲ့ ပတ်ဝန်းကျင်ဖြစ်နေတာကလည်း သူ့အနေနဲ့ ပြန်သွားချင်စရာကြီး ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

နွေးထွေးမှုအတွက် ကျေးဇူးပါ အစ်မရေ ဆိုပြီး သူမရဲ့ Facebook ကနေ ရေးသားထားပါတယ်။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T