ဒီးမော့ဆိုမြို့နယ်မှာ စစ်ရှောင်ရင်း ခက်ခဲစွာမွေးဖွားခဲ့ရတဲ့ အမွှာသမီးလေးနှစ်ဦး ဆုံးပါးသွား

//s9.kh1.co/f7/f7d94877d90b0a6ea5aa634aec8c23517e40ae1e.jpeg
နေ့စဉ်သတင်းများ

 ၀၄-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ကလေးလေးတစ်ယောက်က ဗိုက်ထဲမှာကတည်းက ဆုံးသွားပြီး နောက်တစ်ယောက်က ......

ကယားပြည်နယ်တွင်း တငွေ့ငွေ့လောင်နေတဲ့ စစ်မီးပဋိပက္ခကြား အသက်ဘေးလွတ်ရာ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေက တရိပ်ရိပ်တိုးလာလျက် ရှိနေပါတယ်။ တိုက်ပွဲနယ်မြေ ကျယ်လာတာနဲ့ အမျှ စစ်ဘေးဒဏ်ကြား အသက်ဘေး လွတ်မြောက်ရန် ပြေးလာရတဲ့ အရပ်သား ဦးရေကလည်း ပိုမိုတိုးလာခြင်း ဖြစ်ပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေအတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီးတိုက်ပွဲကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းသုံးသောင်းအထိ ရှိနေဆဲ ဖြစ်ပါတယ်။

<br>Photo Credit : Original Uploader

Photo Credit : Original Uploader

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ဘေးရှောင်ရင်း မီးဖွားခဲ့တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ လမစေ့ဘဲ ကလေးမွေးဖွားလာတဲ့တွက် အမွှာသမီးလေးနှစ်ဦး ဆုံးပါးသွားခဲ့ရတယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူက ဒီးမော့ဆိုမြို့နယ်မှာ နေထိုင်တာဖြစ်ပြီး တိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ငါးလပိုင်းမှာ စစ်ဘေး ရှောင်ခဲ့ရတာ ဖြစ်ပါတယ်။ တောရွာတွေမှာ စစ်ဘေးရှောင်ရတာဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးအနေအထားလည်း မမှန်တဲ့အတွက် အနေအထိုင် အခက်အခဲရှိသလို သံဓါတ်အားဆေးတွေလည်း မသောက်နိုင်ခဲ့ဘူးလို့ အမွှာသမီးနှစ်ဦးရဲ့ အဒေါ်ဖြစ်သူက ပြောပါတယ်။

<br>Photo Credit : CJ<br>

Photo Credit : CJ

ရေမွှာခမ်းသွားတဲ့အတွက် အောက်တိုဘာလ(၁)ရက်နေ့ည အချိန်မှာ မီးဖွားခဲ့ရင်း ဆုံးပါးသွားတာ ဖြစ်ပါတယ်။ သွေးက ကလေးဆီမရောက်တော့ ဒီ ၇ လပြည့်တဲ့ အချိန်မှာပဲ ကလေးက ဘယ်လို ဖြစ်ဖြစ် ပေါင်ချိန် မတက်တော့ဘူး။ ရေမွှာကလည်း ခမ်းသွားတယ်၊ ခွဲရမယ်ဆိုတော့ ၇ လပြည့်တုန်းကတော့ ဆရာမက ခွဲမလားပေါ့ မိခင်ကိုမေးသေးတယ်။ ဒါပေမယ့် မိခင်က တော့ ဘယ်လို ဖြစ်ဖြစ် သူ့ကလေးက အရမ်းနုနေသေးတော့ ၇ လပဲရှိသေးတော့ မခွဲချင်သေးဘူး။

ခဏလေးစောင့်ကြည့်တဲ့အချိန်မှာ ကလေးက တစ်ယောက် က မလှုပ်တော့ဘူးဆိုတော့ တစ်ယောက်ကတော့ အသက်ရှင်နိုင်ဦးမယ်ထင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ဆေးရုံသွားလိုက်ပါတယ်။ ကလေးက နှစ်ယောက်စလုံး ရေမွှာက ခမ်းသွားတော့ ပူးကပ်ပြီး နှစ်ယောက်စလုံးတော့ထွက်လာတယ်။ တစ်ယောက်က ဗိုက်ထဲမှာကတည်းက ဆုံးသွားတယ်။ နောက်တစ်ယောက်က အပြင်ရောက်ပြီးမှာ ဆုံးသွားတာပါ။ စစ်ဘေးရှောင်တော့ ဆေးခန်းတွေ ဘာတွေ မသွားဖြစ်ခါကျတော့ အဲ့လို ဖြစ်သွားတာ။” လို့ သူမက ဆက်ပြောပါတယ်။

<br>Photo Credit : VOA&nbsp;&nbsp;

Photo Credit : VOA  

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရတဲ့ သက်ကြီးရွယ်အိုတွေအပြင် ကလေးငယ်တွေအပါအဝင် အနည်းဆုံး ၈ ဦးအထိ ရှိလာခဲ့ပါတယ်။ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းချိန်ကစပြီး အခုအချိန်ထိ ထိခိုက်ဒဏ်ရာရှိသူ ၁၈၄ ဦးရှိပြီလို့ ကရင်နီပြည် လူမှုအသင်းအဖွဲ့များကွန်ယက်က ထုတ်ပြန်ထားပါတယ်။

Source : Kantarawaddy Times  

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T