သေခြင်းတရားကိုလှည့်စားပြီး မယုံကြည်နိုင်လောက်အောင် ကံကောင်းခဲ့တဲ့ လူသားတစ်ယောက်

//s9.kh1.co/21/212efe3e3e8e59b2d643da862bed0ac716abaef2.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လောကမှာ ကံသာကောင်းကြည့် ဘဝကချက်ချင်းပြောင်းလဲသွားမှာ မုချဧကန်ပါပဲ။ ကံကောင်းတာခြင်း တူကြပေမယ့် တချို့ကံကောင်းတာတွေက မယုံကြည်နိုင်စရာ ကောင်းပါတယ်။ လှံထမ်းလာတာကိုသာ မြင်ရင်မြင်ရမယ် ကံထမ်းလာတာကိုတော့မမြင်ရဘူးဆိုတာကို အရမ်းထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုနဲ့ အခုချိန်မှာဖော်ပြပေးလိုက်ပါတယ်။ ကြာပြီဆိုပေမယ့်လည်း ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားတွေထဲက တစ်ယောက်ပါပဲ။

https://s9.kh1.co/__image/w=600,h=906,q=100/58/58fc9926fdf10e457720b6d319c6af6a1cfb4c82.jpg

၁၉၉၉ ခုနှစ်မှာ အသက်(၃၇)အရွယ် ဩစတေးလျလူမျိုး ဘေးလ်မော်ဂန်ဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံရောက်ခဲ့ရပါတယ်။ ဆရာဝန်များက ဘေးလ် သေပြီဟု ကြေငြာအပြီး (၁၄) မိနစ်မှာ နှလုံးပြန်ခုန်လာခဲ့ပါတယ်။ ဒါပေမယ့် ဘေးလ်ဟာ ကိုမာရောဂါကိုခံစားခဲ့ရပါတယ်။ အဲ့နောက်မှာ ဘာမှထပ်မထူးခြားလာတဲ့အတွက် ဆရာဝန်တွေက အသက်ရှူကိရိယာတွေကိုဖြုတ်ပစ်ဖို့နှစ်ကြိမ်တိတိ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့်ဘေးလ်ဟာ (၁၂)ရက်အကြာမှာ ဘာရောဂါမှမခံစားရတော့ဘဲ အကောင်းပကတိအတိုင်း အသက်ပြန်ရှင်လာခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=395,q=100/7c/7c8d995766185fc6fc7832a9c55b26f9912e79d6.jpg
https://s9.kh1.co/__image/w=600,h=478,q=100/3b/3b5e3f4fbb375c2ad5dcf0150ce0b3fdc4b9068c.jpg

သူဟာ ကံဆိုးတဲ့သူ့ဘဝအတွက် တစ်ရက်မှာ ကံစမ်းဖို့ ခဲခြစ်ကဒ်တစ်ခုကိုဝယ်ပြီး ခြစ်ခဲ့ပါတယ်။ လုံးဝထင်မထားလောက်အောင် $17000 တန် ကားတစ်စီးပေါက်ခဲ့ပါတယ်။ ကံထူးရှင်ကိုဗျူးတဲ့အနေနဲ့ သတင်းဌာနတစ်ခုကနေ ဘေးလ်နဲ့တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုပ်ခဲ့ပါတယ်။ အဲ့အချိန်မှာ သတင်းဌာနကအပျော်သဘောအနေနဲ့ ဘေးလ်ကို ခဲခြစ်ကဒ်နောက်တစ်ခုဝယ်ပြီး ကံစမ်းစေခဲ့ပါတယ်။ လုံးဝမယုံကြည်နိုင်လောက်အောင်ပဲ တိုက်ရိုက်ထုတ်လွှင်နေတဲ့ထဲမှာတင် သူဝယ်ပြီး အပျော်သဘောနဲ့ ခြစ်လိုက်တဲ့ နောက်ကဒ်တစ်ကဒ်က $ 25000 ထပ်ပေါက်နေခဲ့ပြန်တယ်။ သေခြင်းတရာကိုလည်းလှည့်စားပြီး မထင်မှတ်နိုင်လောက်အောင် ကံကောင်းတဲ့ လူသားတစ်ယောက်ပါပဲဗျာ။

သတင်း အရင်းအမြစ်todayifoundout

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T