ပေါင်မုန့်တွေကို ဖြုန်းတီရာမရောက်ဖို့အတွက် ထုတ်လုပ်ခဲ့တဲ့ ပေါင်မုန့်ဘီယာ

//s9.kh1.co/59/591993687bbe8b93ced746b90d2e109a96b128be.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဥရောပနိုင်ငံတွေမှာ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို အများဆုံးစားသုံးကြပြီး ဒီအထဲမှာမှ ပေါင်မုန့်ကတော့ ဥရောပနိုင်ငံသားတို့ရဲ့ အဓိကအစားအစာလို့တောင် ဆိုရမှာပါ။ များပြားတိုးတက်လာတဲ့ လူဦးရေကြောင့် ပေါင်မုန့် ထုတ်လုပ်မှုတွေ များပြားလာကာ စားသုံးသူတွေအတွက်တောင် ပိုလျှံလို့နေပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/14/145d07c6147d5196a7d511c4887be01f526fa2bd.jpg

ဩစတေးရီးယားနိုင်ငံမှာတော့ တစ်နှစ်ကို အလေအလွင့် ဖြစ်ခဲ့ရတဲ့ ပေါင်မုန့်အရေအတွက် ဟာ လူတစ်သန်းစားလို့ရတဲ့အထိတောင် ရှိပါတယ်။ ဒီလိုအလေအလွင့်ဖြစ်နေတဲ့ ပေါင်မုန့်တွေကို အလဟသ မဖြစ်စေဖို့အတွက် ဩစတေးရီးယားမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကတော့ ရက်လွန်ပေါင်မုန့်တွေကနေ ဘီယာအဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်ခဲ့ပါတယ်။ တိုးတက်အောင်မြင်နေတဲ့ နိုင်ငံတွေကတော့ အမှိုက်ကအစ ပြန်လည် အသုံး၀င်အောင် ပြုလုပ်ကြတာ ပုံမှန်ပါပဲ။

https://s9.kh1.co/__image/w=650,h=413,q=100/46/46789b2a7d712e92d133862fa2dc204a715bbff5.jpg
https://s9.kh1.co/__image/w=640,h=401,q=100/13/1364b35104a8053131e4516b79b252ba8e7afa4f.jpg

ပေါင်မုန့်ကနေ ဘီယာအဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်တာဟာ ရှေးခေတ် အီဂျစ် လူမျိုးတွေရဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ အရသာကတော့ သာမန်ဘီယာထက်အနည်းငယ်ကွဲပြားပြီး ထူးခြားတဲ့အရသာမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ယခုလို ထုတ်လိုက်တဲ့ ပေါင်မုန့်ဘီယာကြောင့် စွန့်ပစ်အစားအစာတွေကနေ တခြားအစားအထိုး အစားအစာတွေကို ထုတ်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/75/755b8652697f932b27d029a67bdc4c8d54b6e738.jpg
https://s9.kh1.co/__image/w=512,h=334,q=100/46/46d5cbd68f82809b5f8567a584a78e6cb243b257.jpg

သတင်း အရင်းအမြစ်Bloomberg

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T