အမှတ်မထင်မြင်လိုက်ရတဲ့ ကြည်နူးစရာ မြင်ကွင်းလေးအကြောင်း ဝမ်းသာစွာပြောပြလာတဲ့ မင်းသမီး နော်ဖောအယ်ထား

//s9.kh1.co/ff/ff08bfbd10276479e1a718381cb847a12d70ee17.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပုံလေးတွေကြည့်ရတာ ပီတိဖြစ်လိုက်တာ.... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

နော်ဖောအယ်ထား ဆိုတာနဲ့ ချစ်စရာကောင်းလွန်းလှတဲ့ မျက်နှာလေး နဲ့ အပြုံးချိုချို ကို ပိုင်ဆိုင်ထားတဲ့ ကရင်မလေး လို့ အားလုံးက သိထားကြပါတယ်။သူမဟာ မော်ဒယ်အလုပ်အပြင် တခြားသောအနုပညာလုပ်ငန်းများစွာကိုလည်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။

Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar

ပရိတ်သတ်တွေအားလုံးကလည်း သူမ ရဲ့ အနုပညာတွေကို အမြဲချစ်ခင်အားပေးလေ့ရှိကြပါတယ်။ယမန်နေ့ အောက်တိုဘာ(၂)ရက်နေ့က သူမဟာ ကြည်နူးစရာမြင်ကွင်းလေးတစ်ခုအကြောင်းကို သူမရဲ့ ပရိတ်သတ်များထံ မျှဝေလာခဲ့ပါတယ်။

Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar

သူမဟာ Shopping Centre တစ်ခုမှာ အိမ်အတွက် လိုအပ်တဲ့ပစ္စည်းများထွက်ဝယ်ရင်း Food Panda က မုန့်ပို့ပေးသူတွေအတွက် နေ့လည်စာဝေပေးနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ မုန့်ပို့သူလေးတွေဟာ စနစ်တကျတန်းစီနေကြပြီး နေ့လည်စာစားသုံးနေတာကိုတွေ့ရတာဟာ သူမရဲ့စိတ်ကိုကြည်နူးစေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် သူမဟာ အခုလို လူတိုင်း ခက်ခဲနေတဲ့အချိန်မှာ နေ့လည်စာ လှူဒါန်းပေးတဲ့အတွက် စီစဥ်ပေးတဲ့သူတွေကိုကျေးဇူးတင်ကြောင်း နှင့် အန္တရာယ်တွေ များနေတဲ့ကြားက နေပူမိုးရွာမရှောင် စားချင်တာတွေကိုအိမ်အရောက် ပို့ပေးနေတဲ့ မုန့်ပို့သူလေးတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ် လို့ ​သူမရဲ့ Facebook စာမျက်နှာမှာပြောပြလာပါတယ်။မုန့်ပို့ဆောင်သူအားလုံးလည်း အစစအရာရာအဆင်ပြေနိုင်ပါစေ။ပရိတ်သတ်ကြီးလည်း ကြည်နူးပီတိဖြစ်သွားနိုင်အောင်ဖော်ပြရင်း ရုပ်ကလေးရော စိတ်ကလေးပါလှတဲ့ နော်ဖောလေးလည်း ဘေးကင်းကျန်းမာပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Photo Credit From Naw Phaw Eh Htar
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T