အခြေခံစားသောက်ကုန်တွေကို အိမ်ခြေ (၁၀၀) စာအတွက် ထပ်မံလှူဒါန်း ပေးလိုက်ပြန်တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/38/383d1c4b95c375b5db743d41fc42469e667c67a2.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မွန်မြတ်သောဒါနကုသိုလ်ပါ ........

ပရိသတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ အောက်တိုဘာလ (၂) ရက်နေ့မှာ အခြေခံမိသားစုတွေ စားသောက်ရေးအဆင်ပြေစေဖို့အတွက် အခြေခံ စားသောက်ကုန် တွေလှူဒါန်းပေးခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ ဒီနေ့အလှူလေးမှာ အိမ်ခြေ (၁၀၀) စာအတွက် နေရာ(၂)နေရာခွဲပြီး လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page

ခိုင်နှင်းဝေကတော့ ပြည်သူတွေဘာလိုအပ်နေလဲဆိုတာကို အချိန်တိုင်းကြည့်နေသလား ထင်မှတ်ရလောက်အောင်ကို ကာလအလိုက် ပြည်သူတွေမှာလိုအပ်နေတာတွေကို လိုက်လံလှူဒါန်းပေးနေခဲ့သူပါ။

Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page

လတ်တလောအခြေအနေတွေကြောင့် အခြေခံလက်လုပ်လက်စား လူတန်းစား မိသားစုတွေမှာ စားဝတ်နေရေး ခက်ခဲနေခဲ့တဲ့အတွက် ခိုင်နှင်းဝေက အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးနေတာဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခိုင်နှင်းဝေက ကုန်ခြောက်တွေ ဖြစ်တဲ့ ဆန်၊ ကြာဇံ၊ လက်ဖက်ရည်ထုပ် တွေကို ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်တဲ့သူတွေနဲ့ အိမ်ငှားနေထိုင်ရတဲ့ သူတွေအတွက် စုစုပေါင်း အိမ်ခြေ (၁၀၀) စာလှူဒါန်းပေးခဲ့ပါတယ်။

Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page

ခိုင်နှင်းဝေကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အခြေခံ စားသောက်ကုန်များကို (၂)နေရာခွဲပြီး အိမ်ခြေ (၁၀၀) စာ လှူဒါန်းပေးဖြစ်ခဲ့ပါတယ်။ မြင်တွေ့ ကြားသိတဲ့ ခုနှစ်ရက် သားသမီးများ အားလုံး ဤ ကုသိုလ်တို့အား သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်” ဆိုပြီး (၇)ရက်သားသမီးအကုန်လုံး ထပ်တူထပ်မျှကုသိုလ်ရရှိစေဖို့လည်း သာဓုခေါ်ဆိုကြဖို့ တိုက်တွန်းထားပါသေးတယ်။ 

Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page
Photo Credit : Khine Hnin Wai’s Facebook page

Source – Khine Hnin Wai’s Facebook page

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T