လူအယောက် (၅၀၀) စာအတွက် ကိုယ်တိုင်ချက်ပြုတ်ပြီး သဒ္ဒါတရားထက်သန်စွာ ရက်ရက်ရောရော ကျွေးမွေးလှူဒါန်းပေးခဲ့တဲ့ လူရွှင်တော် မွန်လေးရဲ့ ကြည်နူးစရာ အလှူရုပ်သံ

//s9.kh1.co/a2/a2a137f1890c2abd8cabc3c7cd716dfa33a716a2.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၂ နှစ် က

.

ဟာသ လူရွှင်တော် မွန်လေးကတော့ လတ်တလောမှာ လူမှုရေးအကျိုးပြုပရဟိတလုပ်ငန်းတွေကို စိတ်အားထက်သန်စွာ ပိုမို လုပ်ဆောင်နေတာတွေ့ မြင်ရပါတယ်။ ဒီလိုချိန်ကာလတွေမှာ သာမာန်ပြည်သူတွေအပြင် အလွှာအသီးသီးက အနုပညာသမားတချို့ပါ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာခဲ့ပါတယ်။လူရွှင်တော် မွန်လေးက ယခုလိုမျိုး ခက်ခဲနေတဲ့ သူတွေအတွက် သူ့ရဲ့အနုပညာကြေးနဲ့အပြင် စေတနာရှင်များရဲ့ ထည့်ဝင်လှူဒါန်းပေးမှုဖြင့် ကူညီထောက်ပံ့ လှူဒါန်းပေးတာဖြစ်ပါတယ်။

Photo Credit - မွန်လေး
Photo Credit - မွန်လေး
Photo Credit - မွန်လေး
Photo Credit - မွန်လေး

သူ့ရဲ့ လှူဒါန်းမှုအစုစုတို့ကိုလည်း ပရိသတ်တွေနဲ့ ထပ်တူ သာဓုခေါ်ဆိုနိုင်အောင် လူမှုကွန်ယက်မှာ ပြန်လည်ဖော်ပြပေးတာ တွေ့ရပါတယ်။ ယခုမှာလည်း လူရွှင်တော် မွန်လေးက ကြည့်မိသူတိုင်း ကြည်နူးပီတိဖြစ်စေမယ့် သူ့ရဲ့ အလှူလေးကို ဖော်ပြလာခဲ့ပါတယ်။ ဒီတစ်ခါအလှူကလည်း အနီးအနားက လူအယောက် (၅၀၀) စာအတွက် ကိုယ်တိုင်ချက်ပြုတ်ပြီး သဒ္ဒါတရားထက်သန်စွာ ကျွေးမွေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - မွန်လေး
Photo Credit - မွန်လေး
Photo Credit - မွန်လေး
Photo Credit - မွန်လေး

ဒါ့အပြင် ကျွေးမွေးလှူဒါန်းနေတဲ့နေရာကို လာရောက်သုံးဆောင်ကြတဲ့ ပြည်သူတွေအတွက် အဝတ်အထည်များနှင့် လက်သန့်ဆေးများကိုလည်း လှူဒါန်းပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ လာရောက်သုံးဆောင်ကြတဲ့ ပြည်သူတွေကလည်း မြိန်ရေရှက်ရေ အားပါးတရစားသောက်နေတာတွေကတော့ တကယ့်ကို ကြည်နူးဖွယ် ကောင်းလှ​ပါတယ်။ မွန်လေးရဲ့ မှတ်တမ်းတင်အလှူရုပ်သံလေးကို ကြည့်ရှုရင်း ဒီထက်မကလှူဒါန်းနိုင်အောင် ပရိသတ်တွေကလည်း ဆုမွန်ကောင်းတောင်းပေးကြပါဦးနော်။

သတင်း အရင်းအမြစ်Source - မွန်လေး

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T