ဖမ်းဆီးချုပ်နှောင်ခံထားရပေမယ့်လည်း ပရိတ်သတ်အတွက် အားပေးစာတစ်စောင်ကို ရအောင်ရေးသားပေးခဲ့တဲ့ ပိုင်တံခွန်

//s9.kh1.co/4c/4c6d300ae6bf9b7093b3042fb6df09ce48c7c1fe.jpg
အနုပညာရှင်များ

 ၀၄-အောက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပေးဆပ်ခြင်းတိုင်းရဲ့ ပန်းတိုင်က ‌အောင်မြင်ဖို့ပါပဲတဲ့ ....

သရုပ်ဆောင် မင်းသားချောပိုင်တံခွန် ကတော့ အနေအထိုင်အေးဆေးပြီး အရွယ်နဲ့မလိုက်အောင် တည်ငြိမ်သူတစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ သူ့ရဲ့အမိုက်စားခန္ဓာကိုယ် နဲ့ အရမ်းလန်းတဲ့ တက်တူးတွေကြောင့်လည်း နိုင်ငံတကာက ပရိသတ်တွေရဲ့ အာရုံစိုက်ခံရတယ်ဆိုလည်း မမှားပါဘူး။ 

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရတဲ့အထိ အောင်မြင်တဲ့ ပိုင်တံခွန် က ဂျပန် ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံများအပြင် ဘရာဇီး ၊ သြစတေးလျ ၊ ဂျာမနီ စတဲ့ အနောက်တိုင်း နိုင်ငံတွေအထိပါ ပရိတ်သတ်တွေ အားပေးတာကို ခံခဲ့ရတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။အခုလက်ရှိမှာတော့ ပိုင်တံခွန်က နွေဦးတော်လှန်ရေးမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဧပြီလ (၇)ရက်နေ့က အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာလည်းဖြစ်ပါတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

ဒါကြောင့်လည်း ချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေက  ပိုင်တံခွန်ကို အမြန်ဆုံး လွတ်မြောက်လာဖို့ကို ရင်ခုန်စွာနဲ့ မျှော်လင့်နေသလို  ယနေ့အထိလည်း သူ့အတွက် ချစ်ရတဲ့ ပရိသတ်တွေက ဆုတောင်းပေးတာတွေ အလှူလေးတွေလည်း ပြုလုပ်ပေးနေကြပါတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

အခုလည်း ပိုင်တံခွန်က သူနဲ့အတူ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အခန်းဖော်ရဲ့ မိန်းမဖြစ်သူ ၊ ပရိသတ်လည်းဖြစ်တဲ့ သူမအတွက် ထောင်ထဲကနေ အားပေးစာလေး တစ်စောင် ရေးပေးလိုက်ပါတယ်။ စာလေးဖတ်ပြီး တကယ်ကို လေးစားမိပါတယ်။ ဖမ်းဆီးချုပ်ခံထားတဲ့နေရာကနေ ပိုင်တံခွန်ရေးထားတဲ့ စာလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ပိုင်တံခွန် အမှုအတွက် ရုံးချိန်းကို စက်တင်ဘာ ၂၉ ရက်တွင် ပြုလုပ်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းကို အောက်တိုဘာလ ၁၃ ရက်သို့ ထပ်မံ ရွှေ့ဆိုင်းထားပါတယ်။ မေလ ၄ ရက်မှ စတင်ပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရပါတယ်။

Source : Original Uploader

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T