(၁၂) ဘီးယာဥ်ကြီးနဲ့ တိုက်မိတာကြောင့် ကားတစ်စီးလုံး ရစရာမရှိအောင် မီးလောင်ပျက်စီးသွားခဲ့တဲ့ ကျောက်မဲမြို့နယ်က ဆိုးဆိုးဝါးဝါး ယာဥ်တိုက်မှု

//s9.kh1.co/9c/9c0247bb40ba8323aad1eda02b7a3802cbe71471.jpg
နေ့စဉ်သတင်းများ

 ၀၃-အောက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ယခုနှစ်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တစ်ကျော့ပြန် ပြန်လည်ကူးစက်လာခဲ့တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါဖြစ်ပွားမှုတွေကြောင်း နေ့စဥ်ဆိုသလို စိတ်မကောင်းစရာ သတင်းတွေပဲ ကြားသိနေရပါတယ်။ ဒါ့အပြင် ယာဥ်မတော်တဆတွေလည်း မြို့နယ်တချို့တွေမှာ နေ့စဥ်ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ တချို့ ယာဥ်မတော်တဆဖြစ်ပွားမှုတွေက ထိခိုက်ဒဏ်ရာရရှိတာတွေထက် လူသေဆုံးသွားတဲ့အထိ ဆိုးဝါးစွာဖြစ်ပွားခဲ့တာလည်း ရှိခဲ့ပါတယ်။

Photo Credit - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်)
Photo Credit - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်)
Photo Credit - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်)
Photo Credit - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်)

အောက်တိုဘာ (၁)ရက်နေ့ ည (၁၀) နာရီဝန်းကျင်ခန့်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ဆိုးဆိုးဝါးဝါး ယာဥ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ကြားသိရပါတယ်။ အဆိုပါဖြစ်စဥ်ဟာ ကျောက်မဲမြို့နယ်၊ ပင်တိန်ရွာနှင့် ခိုက်တုန်ဟုန်ရွာအကြား ရင်ကွဲတောင်အနီးနားမှာဖြစ်ပွားခဲ့ပြီး မန္တလေးဘက်သို့ မောင်းနှင်လာတဲ့ (၁၂) ဘီးယာဉ်နှင့် မန္တလေးမှ လားရှိုးဘက်သို့ မောင်းနှင်လာတဲ့ ကုန်စုံတင် ယာဉ်ငယ်တို့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်)
Photo Credit - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်)
Photo Credit - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်)
Photo Credit - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်)

(၁၂) ဘီးယာဥ်နှင့် တိုက်မိခဲ့တဲ့ ကုန်စုံယာဥ်ငယ်ကတော့ တိမ်းမှောက်သွားခဲ့ပြီး ရစရာမရှိအောင် မီးလောင်ပျက်စီးသွားခဲ့တာ တွေ့ရပါတယ်။ ကံကောင်းတာကတော့ ကားတစ်စီးလုံးမီးလောင်ကျွမ်းခဲ့ပေမယ့် ယာဥ်မောင်းကတော့ အနည်းငယ်မျှသာ ထိခိုက်ဒဏ်ရာပဲ ရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဥ်တိုက်မှုကြောင့် ကုန်စုံယာဥ်ငယ် မီးလောင်ကျွမ်းခဲ့တဲ့ ရုပ်သံဖိုင်ကိုလည်း ပြန်လည် ကြည့်ရှုလို့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - ကမ်းလင့်လက်များ လူမှူကူညီရေးအသင်း (နောင်ပိန်)

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T