မဟာဗောဓိမြိုင်ဆရာတော်ကြီးအား ဖူးမြော်ဖို့ မိခင်ကိုလိုက်ပို့ပေးရင်း လမ်းမှာထင်မှတ်မထားတဲ့ အလှူလေးတွေကို ပြုလုပ်ခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/93/934c448484833b77e81d36c3b61e67c4a53b7902.jpg
အနုပညာရှင်များ

 ၀၃-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေ လေစားအားကျနေရတဲ့ ပရဟိတမင်သားကြီး ဝေဠုကျော်ကတော့ သူ့ရဲ့ လူမှုကွန်ယက်မှာ မထင်မှတ်ဘဲ (၂)ထပ်အလှူပြုလုပ်ခဲ့ရတဲ့ အကြောင်းလေးကို ကြည်နူးအားရစွာနဲ့ ဖော်ပြလာခဲ့တာ တွေ့ရပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့ ရက်က ဝေဠုကျော် ဟာ မဟာဗောဓိမြိုင်ဆရာတော်ကြီးဖူးမြော်ဖို့ မိခင်ကို လိုက်ပို့ပေးရင်း အသွားမှာ အမြန်လမ်းတလျှောက် ဆွမ်းခံကြွကြတဲ့ သံဃာတော်တွေကို ကားကြုံလည်း လိုက်ပို့ပေးခဲ့သလို စားသောက်ဖို့အတွက် အိမ်ကထည့်လာတဲ့ သူတို့ရဲ့ ဟင်းတွေ၊အအေးဗူးတွေကို ဆွမ်းလောင်းလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw

အမြန်လမ်းက ကျောင်းသင်္ခန်းအများစုဟာ တစ်ပါးတည်းကျောင်းဆောက်လုပ်ပြီး သာသနာပြုကြတာ ဖြစ်ပါတယ်။ အမြန်လမ်းတလျှောက်က သံဃာ(၉)ပါး လောက်ကို ဆွမ်းလောင်းဖြစ်ခဲ့ပေမယ့် ပါလာတဲ့ဟင်းဗူးတွေက မကုန်သွားဘူးလို့ ဆိုထားပါတယ်။ နောက်တစ်နေ့မှာ မဟာဗောဓိမြိုင်ဆရာတော်ကြီးကို မိုးရေထဲမှာ ဖူးတွေ့ခွင့်ရခဲ့ကြောင်း ရေးသားထားပါတယ်။

Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw

ဆရာတော်ကြီးကို ဖူးမြော်ပြီးအပြန် အမြန်လမ်းမှာလည်း သံဃာတော်တွေကို ဆွမ်းလောင်းဖို့ စားသောက်စရာလေးတွေ ဝယ်ယူပြီး ထပ်မံလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ မိခင်ကို လိုက်ပို့ပေးရင်း မထင်မှတ်ဘဲ ပြုလုပ်ခဲ့ရတဲ့ အလှူလေးတွေကိုလည်း ဝေဠုကျော်က ကြည်နူးပီတိ ဖြစ်ခဲ့ပါတယ်။ မွန်မြတ်လှတဲ့ ဝေဠုကျော်ရဲ့ အလှူလေးတွေကို ဖော်ပြပေးရင်း ကုသိုလ်ထပ်တူရအောင် ပရိသတ်တွေကလည်း ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw
Photo Credit - Wai Lu Kyaw

သတင်း အရင်းအမြစ်Source - Wai Lu Kyaw

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T