တစ်ချိန်က လှပခဲ့သူဖြစ်ပေမယ့်လည်း မလုပ်သင့်တဲ့လုပ်ရပ်ကြောင့် ပုံပြောင်းသွားခဲ့ရသူ

//s9.kh1.co/df/dfe892cc172d9ea8143a77f0f5d92b7495da1515.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

အခုတစ်ခေါက်မှာ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အမေရိကန်မှာနေထိုင်တဲ့ ရေချယ်ဆိုသူ အမျိုးသမီးတစ်ဦးရဲ့ သနားဖွယ်အဖြစ်အပျက်ကလေးပဲ ဖြစ်ပါတယ်။ သူမဟာ ၁၀ နှစ်လောက် Anorexia nervosa ဆိုတဲ့ရောဂါနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ရောဂါရဲ့သိသာတဲ့ လက္ခဏာကတော့ အ၀လွန်မှာ ကြောက်တာပါပဲ။ သူမရဲ့ ဖြစ်ပုံကတော့ အသက် ၂၇ နှစ်အရွယ်မှာ ပုံမှန်လောက်ပဲ အနည်းငယ်ဝနေတာကို ထိုအချိန်က ခေတ်စားနေတဲ့ ဝိတ်ချနည်းတွေအတိုင်း အပြင်းအထန်လုပ်ခဲ့ပြီး အဲ့နောက်မှာတော့ ထိုဒဏ်တွေကို အပြင်းအထန်ခံစားနေခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=545,q=100/94/940657c093ec4c7f0c402c6ceb9001de9ef949d3.jpg
https://s9.kh1.co/__image/w=600,h=317,q=100/ba/ba4428d5f42c9e5296c5931af956bf5b2dd4b182.jpg

သူမဟာ တကယ်တော့ လှပတဲ့အမျိုးသမီး တစ်ယောက်ပါ။ ဒါပေမယ့်လည်း အ၀လွန်မှာ ကြောက်မိတ‌ဲ့အတွက် ဝိတ်ချခဲ့ပါတယ်။ သူမ ဝိတ်ချခဲ့တဲ့ နည်းလမ်းကတော့ နေ့စဉ်ပုံမှန်စားသုံးနေတဲ့ အစားအသောက်လမ်းစဉ်ရဲ့ သုံးပုံတစ်ပုံကိုသာ စားခဲ့ပြီး ကြာလာတဲ့အခါမှာတော့ အစာစားလို့ မဝင်တော့ ခန္ဓာကိုယ်ဟာ အလွန်အမင်းပိန်ချုံးလာပြီး တဖြည်းဖြည်း အသားအရေခန်းခြောက်လာကာ အရိုးတွေချည်း ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ အလေးချိန် ၃၆ကီလိုအထိ ကျဆင်းသွားပါတော့တယ်။

https://s9.kh1.co/__image/w=600,h=314,q=100/2b/2b216b02309933e4d1aea67f781294e685a70d17.jpg
https://s9.kh1.co/__image/w=600,h=314,q=100/b0/b0480a7a1c0b800bd481aaae55ea802223f80c48.jpg

သူမရဲ့ ခင်ပွန်းဖြစ်သူဟာလည်း အလုပ်ကထွက်လိုက်ပြီး ရေချယ်ကိုအနီးကပ် သေချာပြုစုပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဂရုစိုက်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ရေချယ်ဟာ အခုဆိုရင် အသားအရေ အနည်းငယ်ပြည့်ဖြိုးလာပြီး ခန္ဓာကိုယ်အလေးချိန်ကလည်း ၃၆ ကီလိုကနေ ၄၅ ကီလို မြင့်တက်လာခဲ့ပါတယ်။ သူမယခုလို ကျန်းမာလာတာဟာ သူမခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက်မှုတွေ အများကြီးပါဝင်နေပြီး ကျေးဇူးတင်မဆုံးဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့ကြောင့် ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအတိုင်း ဘာပဲလုပ်လုပ် အလွန်အကျူးမလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

https://s9.kh1.co/__image/w=600,h=308,q=100/b5/b56daa032e6cd73a463b67d0a10c4bb77e6fadef.jpg
https://s9.kh1.co/__image/w=600,h=318,q=100/28/285209a525251713481abeeea768e2bd923153e2.jpg

သတင်း အရင်းအမြစ်abcNEWS

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T