လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက ပို့ခဲ့မိလိုက်တဲ့ လက်ဆောင်သေတ္တာဗူးလေးတစ်ခုကြောင့် ဘ၀တစ်ခုလုံးပြောင်းလဲသွားခဲ့တဲ့ ကောင်လေး

//s9.kh1.co/bf/bf319f12182bcaa70be9d3250d643a84f1a8e7fa.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-အောက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အသက် ၇ နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ Christmas အလှူလက်ဆောင်ဗူးလေးတစ်ဗူးကို Idaho ကနေ Philippines ကိုပို့ပေးခဲ့ပါတယ်။ နောက် ၁၅ နှစ်ကျော်လောက်ကြာတဲ့အခါမှာတော့ ဒီကောင်လေးရဲ့လုပ်ရပ်ဟာ ရုပ်ရှင်ကားတစ်ကားသဖွယ် အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးဟာ ရုပ်ရှင်ကားတွေထက် တကယ် Romantic ဆန်တဲ့ ဖြစ်ရပ်လေးတစ်ခုပါပဲ။

https://s9.kh1.co/__image/w=480,h=320,q=100/d6/d6b7c16f10a5f6753f58bfc486b56a82a2aadac3.jpg

လွန်ခဲ့တဲ့ ၂၁ နှစ်တုန်းက Tyrel Wolfe ဆိုတဲ့ကောင်လေးဟာ Operation Christmas Child ဆိုတဲ့ ပရောဂျက်တစ်ခုမှာ ပါ၀င်ခဲ့ပါတယ်။ အဲ့ဒီ ပရောဂျက်မှာပါတဲ့သူတွေဟာ တခြားကျောင်းတွေကို သူတို့ပေးချင်လှူချင်တဲ့ဟာလေးတွေ စုပြီး ဗူးလေးတစ်ဗူးထဲထည့်ကာ ပေးရမှာဖြစ်ပါတယ်။ ကောင်လေးကတော့ သူရဲ့ Cowboy (နွားကျောင်းသား) လို၀တ်ဆင်ထားတဲ့ပုံလေးနဲ့ ရောင်စုံခဲတံတွေကို ဗူးလေးထဲထည့်ပြီး ဖီလင်ပိုင်ကို ပို့ခဲ့ပါတယ်။ အချိန်တွေကြာလာတော့ Tyrel လည်းဒီဖြစ်ရပ်လေးကိုမေ့ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာ Facebook ကနေ Joana Marchan ဆိုတဲ့နာမည်နဲ့ လူတစ်ယောက် လာ Add ခဲ့ပါတယ်။ အဲ့ချိန်တုန်းကတော့ Tyrel ဟာ လက်မခံသလို ပယ်ချတာလည်း မလုပ်ခဲ့ပါဘူး။

https://s9.kh1.co/__image/w=650,h=900,q=100/9a/9a70a545c752d63186981d4662ccef94387765ca.jpg

ဒါပေမယ့် အချိန်ကြာလာတော့ သူနေတဲ့နိုင်ငံရဲ့ တခြားတစ်ဖက်နိုင်ငံက မိန်းကလေးက ဘယ်သူလဲသိချင်လာခဲ့တာနဲ့ လက်ခံခဲ့ပါတယ်။ ကောင်မလေးကလည်း သူပို့လိုက်တဲ့လက်ဆောင်ကို ရခဲ့ကြောင်းနဲ့ သူ့ဆိကျေးဇူးတင်စာတွေပို့ခဲ့ပေမယ့် ဘယ်စာမှ Tyrel ဆိမရောက်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။ Tyrel ကလည်းမယုံလို့ သူ့အမေကိုမေးတဲ့အခါ အမေဖြစ်သူက သူပေးခဲ့တဲ့ လက်ဆောင်ကိုမှတ်မိတာမို့ ဒီကောင်မလေးက သူ့သားပေးလိုက်တဲ့ လက်ဆောင်ကို ရရှိခဲ့တဲ့သူပဲဆိုပြီး ပြောပြခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=391,q=100/af/af26753cf6f4df980ad2911e42e001447d4a1ea2.png

ဒီလိုနဲ့သူ‌တို့တွေဟာ စကားတွေပြောကြပြီးခင်မင်ခဲ့ကြကာ နောက်ဆုံး Tyrel ကပိုက်ဆံစစုပြီး Manila အတွက်လေယာဉ်လက်မှတ်၀ယ်ခဲ့ပါတယ်။ Tyrel ကလည်းအဲ့လောက်အဝေးကြီးကို တစ်ယောက်ထဲ ခရီးမထွက်ဖူးတာကြောင့် စိတ်လှုပ်ရှားခဲ့ပေမယ့် လေဆိပ်ရောက်တဲ့အခါမှာ ကောင်မလေးဖြစ်တဲ့ Joana ကလာကြိုတဲ့အချိန်မှာ ပျော်ခဲ့ပြီး အပြန်အလှန်ချစ်မိခဲ့ကြပါတယ်။ Tyrel ကကောင်မလေးရဲ့ အခြေအနေကို သိတဲ့အခါမှာတော့ ထိတ်လန့်သွားခဲ့ရပါတယ်။ Joana ရဲ့မိသားစု၀င် ၈ ယောက်လုံးဟာ အခန်းကျဉ်လေးရဲ့ကြမ်းပျဉ်းမှာ အိပ်နေခဲ့ကြရတာကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ၁၀ ရက်အတူတူ ဖြတ်သန်းခဲ့ကြပေမယ့် ဘယ်ချိန်ပြန်တွေ့နိုင်ကြမယ်မသိတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။ Tyrel ကတော့ Joana ကို သူပြန်လာမှာပါဆိုတဲ့ကတိပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=465,q=100/39/391eb89ff07852366475f2d2abb2b199c776c5cc.jpg
https://s9.kh1.co/__image/w=650,h=1154,q=100/85/85248c6ea5b84045423d0a6e3c8dafd270dd0815.jpg

သူပြန်ရောက်လာတဲ့အခါမှာတော့ Joana ရဲ့အဖေကို သမီးဖြစ်သူနဲ့ လက်ထပ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ အဖေဖြစ်သူကတော့ လက်ခံပေမယ့် အမေဖြစ်သူကတော့ လက်ထပ်ဖို့ ငယ်သေးတယ်ဆိုပြီး ငြင်းခဲ့ပါတယ်။ ဒါနဲ့ပဲ Tyrel ရဲ့အဖေဖြစ်သူက Manila ထိလာခဲ့ပြီး ကောင်မလေးရဲ့ ‌အမေ့ကို ဖြောင်းဖြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Tyrel နဲ့ Joana တို့ဟာ Tyrel ရဲ့မိဘတွေပိုင်တဲ့ မွေးမြူရေးခြံထဲမှာ လက်ထပ်ခဲ့ကြပါတယ်။ ဖီလင်ပိုင်မှာလည်း သူတို့ဟာ နောက်ထပ် မင်္ဂလာဆောင်ပွဲ တစ်ခုကို ထပ်ပြုလုပ်ခဲ့ပါသေးတယ်။ ဒါလေးကတော့ရုပ်ရှင်ကားတစ်ကားလို့ထင်ရပေမယ့် အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ။ Tyrel ဟာလည်း တကယ်ပဲ ဗူးတစ်ဗူးကြောင့် သူ့ရဲ့ဘ၀ကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ရတာ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=792,q=100/7c/7c8a5b0c1822268e167688952768db2a68f32f57.jpg
https://s9.kh1.co/__image/w=650,h=842,q=100/0c/0c3aac57ca28a7f95d11ecb7ffdd6288e0a747e2.jpg
https://s9.kh1.co/__image/w=650,h=613,q=100/97/9754b6fc1ce92e782ef70a07f3952147904cdbcc.jpg

သတင်း အရင်းအမြစ်Bright side

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T