လူတိုင်းကတော့ ဘဝမှာ စိတ်ချမ်းသာချင်ကြသူတွေပါပဲ။

//s9.kh1.co/94/94e1d289cf9dc11d5e51ca3b0b2bc2c4f0748c8c.jpeg
ဗဟုသုတအဖြာဖြာ

 ၀၃-အောက်-၂၀၂၁ ၁pm · လွန်ခဲ့သော ၂ နှစ် က

လူတိုင်းကတော့ ဘဝမှာ စိတ်ချမ်းသာချင်ကြသူတွေပါပဲ။

ဘဝတစ်ခုဖြစ်လာရင် ရလာတဲ့ဘဝကိုတော့ လူတိုင်း စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းချင်ကြသူတွေကြီးပါပဲ။တစ်သက်လုံးစိတ်ချမ်းသာဖို့အတွက် လိုက်နာသင့်တဲ့ အချက် ၃ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit _ Google
Photo Credit _ Google

၁။ဘယ်သူကိုမှ အယုံမလွန်ပါနဲ့။

တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှုရှိသင့်တာ မှန်ပေမဲ့ အတိုင်းအတာတစ်ခုထိပဲယုံကြည်သင့်ပါတယ်။လူယုံသတ်လို့ သေဆိုတာ ကြားဖူးကြမှာပါ။အရမ်းအယုံလွန်တာမျိုးကိုတော့ ရှောင်ကြဥ်ဖို့လိုပါတယ်။

Photo Credit_ Google
Photo Credit_ Google

၂။ဘယ်သူကိုမှ ပိုလွန်တဲ့စေတနာ မထားမိပါစေနဲ့။

တစ်ဦးပေါ်တစ်ဦး စေတနာထားတယ်ဆိုတာ တော်တော်လေးကြည်နူးရတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့လည်း စေတနာလွန်တဲ့အခါ ကျွန်ဖြစ်တတ်ပါတယ်။ကိုယ့်ရဲ့စေတနာကို အသိအမှတ်ပြုရင် ဝမ်းမြောက်ဖွယ်ရာဖြစ်ပေမယ့်လည်း စေတနာကနေ အထင်လွဲသွားရင်တော့ ဝေဒ နာဖြစ်သွားတဲ့အခါ ကိုယ်ရော တစ် ခြားသူရောပါ စိတ်ဆင်းရဲရတတ်ပါတယ်။ဘယ်အရာမှ အလွန်အကြူးဆိုတာမကောင်းပါဘူး။တန်ဆေးလွန်ဘေးဆိုသလို သင့်တင့်မျှတတဲ့စေတနာကသာ အကောင်းဆုံးဖြစ်ပါတယ်။

Photo Credit _ Google
Photo Credit _ Google

၃။လူတိုင်းကို ကိုယ့်လို စိတ်ရှိတယ်လို့ မထင်ပါနဲ့။

ဒါကလည်းအရေးအကြီးဆုံးအချက်တစ်ချက်ပါ။ကိစ္စတိုင်းကတော့ ကိုယ်နဲ့မဆိုင်ပါဘူး။တစ်ချို့ကိစ္စတွေမှာ  ကိုယ့်စိတ်နဲ့နှိုင်းပြီး သူတစ်ပါးလဲ ကိုယ့်လို ကောင်းမွန်စွာပဲ တွေးလိမ့်မယ်၊ခံစားလိမ့်မယ်၊လုပ်ဆောင်လိုက်မယ်လို့ မထင်လိုက်ပါနဲ့။ကိုယ့်လိုမဟုတ်တာတွေ အများကြီးရှိတတ်လို့ကြောင့်ပါ။

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T