သားပိုက်ကောင်တစ်ကောင်ထက် သာလွန်တဲ့ စွမ်းရည်နဲ့ သန်မာမှုကို ပိုင်ဆိုင်ထားတဲ့ Roger

//s9.kh1.co/c2/c26882971fd5fb8cf599c69b426f78b7fb9f73da.jpg
ဗဟုသုတအဖြာဖြာ

 ၀၃-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၂ နှစ် က

.

Roger ( ရိုဂျာ ) အမည်နဲ့ သားပိုက်ကောင်တစ်ကောင်ဟာ ထူးခြားတဲ့စွမ်းရည်ရှိတာကြောင့် လူသိများပြီး ရေပန်းစားခဲ့ပါတယ်။ (၂) မီတာ အရပ်အမြင့်ရှိပြီး (၈၉) ကီလိုဂရမ် အလေးချိန်ရှိတဲ့ သားပိုက်ကောင်ထီးဟာ ဩစတေးလျ Kangaroo Sanctuary Alice Springs မှာ နေထိုင်ပါတယ်။ ဗလကောင်းလှတဲ့ ရိုဂျာဟာ သံပုံးတွေကို သူ့လက်နှစ်ဖက်နဲ့ ကြိတ်ချေနိုင်တဲ့အစွမ်း ရှိတဲ့အပြင် သူ့ကိုဗီဒီယိုရိုက်ကူးနေတဲ့ ကင်မရာဆီကိုတောင် ဟန်မပျက်ကြည့်နေတတ်သူလည်း ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=356,q=100/57/57c15ec26b6059794afba462c8096586f52c5ce8.jpg
https://s9.kh1.co/__image/w=650,h=924,q=100/ab/abd2d8380889b024188eb4ab9bf427ac1396282f.jpg

ရိုဂျာက နေ့တိုင်းနေ့တိုင်း သူ့ပြိုင်ဖက်တွေနဲ့ လက်ဝှေ့ထိုးတယ်၊ လူတွေနောက်ကို ပြေးလိုက်တယ်။ သံပုံးတွေကို ချေမွပစ်ရတာလည်း သူက သိပ်သဘောကျတာလို့ သားပိုက်ကောင် ဘေးမဲ့တောရဲ့ မန်နေဂျာဖြစ်သူ ခရစ်စ်ကတော့ ဆိုပါတယ်။ ရိုဂျာဟာ သဘာဝဘေးမဲ့တောကို (၂၀၀၆) ခုနှစ်မှာ ရောက်ရှိလာခဲ့တာပါ။ ရိုဂျာရဲ့ မိခင်ကတော့ ဟိုင်းဝေးလမ်းကြီးမှာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့ရာမှ မိဘမဲ့လေး ရိုဂျာကို ဘေးမဲ့တောထဲ ခေါ်လာပြီး စောင့်ရှောက်ခဲ့ကြတာပါ။

https://s9.kh1.co/__image/w=650,h=566,q=100/86/86d4505b50573115cb20b07e19773591ecb215df.jpg
https://s9.kh1.co/__image/w=594,h=798,q=100/04/04c9deb7a1aeac3973180a84f6c56706771eb8fa.jpg

ဒါပေမယ့် ရိုဂျာဟာ စိတ်မကောင်းစွာပဲ အသက်(၁၂) နှစ်မှာ သေဆုံးခဲ့ပါတယ်။ သံပုံးတွေပဲ ခြေမွနေတဲ့ ရိုဂျာကို မြင်ရလို့ ရိုဂျာက ကြမ်းတမ်းလွန်းတယ်လို့ မြင်မသွားကြပါနဲ့။ သူဟာ သူရဲ့ သန်မာလှတဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ် တည်ဆောင်ပုံကြောင့် လူသိများပြီး နာမည်ကြီးပေမယ့် လူတွေကိုတော့ အန္တရာယ်မပြုတက်ပါဘူး။ ဟာကျူလီ သားပိုက်ကောင်ဆိုတော့လည်း မျက်နှာကအစ ခပ်ချေချေ ဖြစ်နေခဲ့တာပါ။ အောက်ဆုံးပုံကတော့ Roger ရဲ့သားဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/45/4597122ee7f8ddc6b5c9489bc0393e8f2d243a3e.jpg
Roger's Son
Roger's Son

သတင်း အရင်းအမြစ်CNN

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T