လူနေအိမ်များ နစ်မြုပ်သွားရတဲ့အထိ ရေထိန်းလမ်း ဆိုးဆိုးဝါးဝါး ကျိုးပေါက်သွားခဲ့တဲ့ ထိုင်းနိုင်ငံက ဖြစ်ရပ်တစ်ခု

//s9.kh1.co/4b/4b2635076942535b78f0d44eb164b03849c6f07b.jpg
နေ့စဉ်သတင်းများ

 ၀၃-အောက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော ထိုင်းနိုင်ငံအတွင်းမှာ မုန်တိုင်း
ဝင်ရောက်ခဲ့တာကြောင့် ပြည်နယ် (၃၀)လောက်ဟာ ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး အိမ်ခြေပေါင်း (၁၄၀၀၀) နီးပါး ရေဘေးသင့်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ယခုနှစ်ရေကြီးမှုဟာ စံချိန်တင်လောက်အောင် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပြီးသောင်းနဲ့ချီတဲ့ ရေဘေးသင့် ပြည်သူတွေကိုလည်း အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အောက်တိုဘာ (၁) ရက်နေ့ ကလည်း ချင်းမိုင်ခရိုင် စန်လဖီးမြို့နယ်မှာ  မိုးသက်လေပြင်းကျရောက်မှုကြောင့် သက်တမ်း (၁၀၀) ကျော်တဲ့ ကညင်ပင်ကြီး (၁၂) ပင်အမြစ်မှ ကျွတ်ထွက်ပြီးအိမ်ခြေ (၆၇)လုံးလောက် ထိခိုက်ပျက်ဆီးသွားခဲ့သလို  ဓါတ်တိုင် (၄၉)တိုင် ပြိုလဲသွားခဲ့ပါတယ်။ ယခုမှာလည်း  စလဘူရီခရိုင်အတွင်း  ရေထိန်းထားတဲ့လမ်းတစ်ခု  ကျိုးပေါက်သွားခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အဆိုပါ ရေထိန်းလမ်း ကျိုးပေါက်မှုကြောင့် ရေများဝင်ရောက်ခဲ့ပြီး လူနေအိမ်များ နစ်မြုပ်နေကြောင်း သိရပါတယ်။ ရုပ်သံဖိုင်မှာတော့ ရေထိန်းလမ်းဟာ အတော်လေးကို ကျိုးပေါက်သွားတာဖြစ်ပြီး ရေစီးအားပြင်းပြင်း ဒလဟောဝင်ရောက်နေတာ တွေ့ရပါတယ်။ သဘာဝဘေး အန္တရယ်ကို ဆိုးရွားစွာ ခံစားနေကြရတဲ့ ထိုင်းပြည်သူတွေအတွက် ဆုတောင်းပေးရင်း ဒီရုပ်သံဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Original Upload

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T