အောက်တိုဘာ ၄ရက်နေ့မှာ ကိုရီးယားကနေ Paris ကို ထွက်ခွာတော့မဲ့ Blackpink အဖွဲ့ဝင် LISA

//s9.kh1.co/ce/ce2c48e03e1ceef9f76f95458b3327b7ef3bc2ec.jpeg
အနုပညာရှင်များ

 ၀၃-အောက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

အောက်တိုဘာ ၄ရက်နေ့မှာ ကိုရီးယားကနေ Paris ကို ထွက်ခွာတော့မဲ့ Blackpink အဖွဲ့ဝင် LISA

ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်မှုရနေတဲ့ Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ LISA က မနက်ဖြန်အောက်တိုဘာ ၄ရက်နေ့မှာ ကိုရီးယားကနေ "Paris Fashion Week "အတွက် Paris ကို သွားမှာ ဖြစ်ပါတယ်။

Photo credit - Google
Photo credit - Google

LISA ရဲ့ Global Brand Ambassador ဖြစ်တဲ့ CELINE က Paris Fashion Week မှာ သူ့ရဲ့ Brand Collection အသစ်တွေကို ပြသလေ့မရှိတာမို့ LISA က ဘယ် Brand နဲ့ပွဲတက်မယ်မတက်ဘူးဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Photo Credit   - Google
Photo Credit   - Google

LISA က သူမရဲ့ SOLO Debut ဖြစ်တဲ့ "MIU MIU "Brand ကို ဝတ်ဆင်ခဲ့တာမို့ သူအဲ့ Brand နဲ့ပွဲတက်မယ်လို့လည်း သတင်းတွေထွက်နေပါတယ်။Paris Fashion Week ပွဲရဲ့နောက်ဆုံးနေ့ October 5 ရက်နေ့မှာတော့ Chanel, MIU MIU စတဲ့ Brand လေးခုရဲ့ Collection အသစ်တွေကိုပြသမှာဖြစ်ပါတယ်။LISA က "Paris Fashion Week "မတက်ရောက်ပဲနဲ့ သူမအကဲဖြတ်ဒိုင်လုပ်ခဲ့တဲ့ "Andam"ဖက်ရှင်ပွဲရဲ့ Dinner ကိုလည်း တက်ရောက်မယ်လို့ သတင်းထွက်နေပါတယ်။နောက်ပြီးတော့ LISAက Paris မှာ ၁၃ရက်လောက်နေမယ်လို့လည်း သတင်းထွက်ရှိနေပါတယ်။DJ Snake ရဲ့MVကိုရိုက်ကူးဖို့အတွက် PARISကို သွားမှာလို့လည်း သတင်းထွက်နေပါတယ်။

Photo Credit - Google
Photo Credit - Google

ကောင်မလေးရဲ့အောင်မြင်မှုကလည်းတော်တော်လေး ကြောက်ခမန်းလိလိပဲနော်။

မနက်ဖြန်မှာတော့ LISAရဲ့ PARISကို သွားမဲ့ Airport Fashion ကို မြင်တွေ့ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားနေလောက်ပြီထင်ပါတယ်။

သတင်း အရင်းအမြစ်

Hsu Ei Khin
Arche

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T